လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ဝရိမ်ဆော်ရာမှမီးလောင်မှုဖြစ်ပွား


(မှုခင်း) စက်တင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ကနော်မင်းသားကြီးလမ်းတွင် ယနေ့နံနက် ၇ နာရီကျော်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားသဖြင့် မီးငြှိမ်းသတ်ယာဉ်များဖြင့် ထွက်ခွာငြှိမ်းသတ်လျက်ရှိကြောင်း သိရသည်။

ကနောင်လမ်းရှိ ဦးဗန်လော်ထမ်းပိုင် ကောင်းခန့် ၃ ကဖီးနှင့် စားဖွယ်စုံ နောက်ကပ်လျှက် ဓာတ်ဆီရောင်းသူ ဦးရင်ထွေးနေအိမ်တွင် မောင်သက်ပိုင်ဦး၊ အသက် ၂၂ နှစ်၊ (ဘ) ဦးရင်ထွေး မှ ဝရိမ်ဆော်ရာမှ နံနက် ၆ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် စတင်မီးကူးစက်လောင်ကျွမ်းခဲ့ပြီး ဓာတ်ဆီ ၅ ဂါလံလေးပုံး၊ အဲယားကွန်း ၁လုံး ၊ tv 52″ နှစ်လုံး၊ ရေခဲသေတ္တာ ၁ လုံး၊ ဝရိမ်စက် ၁ လုံး၊ အိမ်တွင်းပစ္စည်းများ စုစုပေါင်းတန်ဖိုး ၁၈ သိန်းခန့်မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN