ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယာဉ်တိမ်းမှောက်မှုကြောင့် ယာဥ်ပေါ်ပါ ခရီးသည် ၅ ဦးထိခိုက်ဒဏ်ရာရ


(ပြည်တွင်း) အောက်တိုဘာ ၁၁

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၃၄/၅)နှင့်(၂၃၄/၆)ကြားတွင် ယနေ့နံနက်၄နာရီခွဲအချိန်ခန့်က ယာဉ်တိမ်းမှောက်မှုဖြစ်ပွား ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ယာဥ်တိမ်းမှောက်သည့်နေရာသို့ ဘုရားတောင်အမြန်လမ်းနယ်မြေမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယာဥ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား ၁၁ ဦး၊ မ ၁၄ ဦး၊ စုစုပေါင်း ၂၅ ဦးအနက် ယာဉ်ပေါ်ပါ ကျား ၄ ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)၊ မ ၁ ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား ဘုရားတောင်အမြန်လမ်းမကြီးရဲစခန်းပိုင် သူနာတင်ယာဉ်ဖြင့် နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN