(ပြည်တွင်း) အောက်တိုဘာ ၁၀

သန်းခေါင်စာရင်းကောက်နေသည့်အဖွဲ့အား လုံခြုံရေးဆောင်ရွက်ပေးနေသည့် လုံခြုံရေးအဖွဲ့ကို KNU/PDF များမှ RPG ဖြင့်အနီးကပ်ပစ်ခတ်တိုက်ခိုက်သဖြင့် သေဆုံးမှုများရှိကြောင်း သိရသည်။

ကရင်ပြည်နယ် ဘားအံမြို့နယ် သာမညကျေးရွာ မြောက်ဘက် ၀င်းစိန်ကျေးရွာ၊ ဇေယျာသီရိရပ်ကွက်၊ ၀င်းစိန်ဘုန်းကြီးကျောင်း မုဒ်၀အနီးမှာတွင် သန်းခေါင်စာရင်း ကောက်ခံတဲ့အဖွဲ့ကို ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်တွင် ကရင်လက်နက်ကိုင်သောင်းကျန်းသူများဖြစ်သည့် KNU နှင့် PDF အကြမ်းဖက် များမှ RPG ဖြင့် အနီးကပ်ပစ်ခတ်သည့်အတွက် သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။
ဒေသခံများ၏ပြောဆိုချက်များအရ သန်းခေါင်စာရင်းကောက်ယူနေသောအဖွဲ့အား လုံခြုံရေးဆောင်ရွက်ပေးနေသော လုံခြုံရေးအဖွဲ့လိုက်ပါလာသော Hijet အမျိုးအစားမော်တော်ယာဉ်အား အနီးကပ်ပစ်ခတ်ခံရသဖြင့် တပ်ဖွဲ့၀င်(၃)ဦး ကျဆုံးပြီး၊ (၃)ဦး ဒါဏ်ရာရခဲ့ကြောင်း သိရသည်။
ပစ်ခတ်မှုဆောင်ရွက်ခဲ့သည့်အဖွဲ့အား တပ်မတော်စစ်ကြောင်းမှလိုက်လံရှင်းလင်းနေပြီး ဖြစ်စဉ်ဖြစ်ပွားရာနေရာအနီးတွင် ပစ်ခတ်ခဲ့သည်ဟုယူဆရသည့် RPG (၁)လက်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews