ဒေသတွင်း စစ်ပွဲများ၏ အကျိုးဆက်များအား အီရန်သမ္မတသတိပေး


(နိုင်ငံတကာ) စက်တင်ဘာ ၂၄

အစ္စရေးနှင့် လက်ဘနွန်ရှိ တစ်နှစ်နီးပါးကြာ ဖြစ်ပွားနေသည့် တိုက်ပွဲများသည့် အီရန်ကို စစ်ပွဲအတွင်း အပြည့်အဝပါဝင်ရန် ဆွဲသွင်းနေကြောင်း အီရန်သမ္မတ Masoud Pezeshkian ကဆိုသည်။

ကုလညီလာခံတက်ရောက်ရန် နယူးယောက်သို့ ရောက်ရှိနေသည့် အီရန်သမ္မတ Masoud Pezeshkian က သတင်းထောက်များနှင့် တွေ့ဆုံစဉ်မှာ “ အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများ၏ အကျိုးအဆက်များကြောင့် နောက်ပြန်မဆုတ်နိုင်သည့် အခြေအနေမဖြစ်စေချင်ကြောင်း” ၎င်းကဆိုသည်။

Masoud Pezeshkian က “ကျွန်တော်တို့ ငြိမ်းချမ်းစွာ နေထိုင်ချင်တယ်၊ စစ်ကိုမလိုလားဘူး”ဟု ထည့်သွင်းပြောဆိုခဲ့ပြီး “ဒီပဋိပက္ခကို အလုံးစုံဖန်တီးဖို့ကြိုးစားနေတာက အစ္စရေးပါ” ဟု စွပ်စွဲပြောဆိုခဲ့သည်။

Telegram»…
https://t.me/positiveanglenews

PAN