အိန္ဒိယ က Agni-4 အမြင့်ပျံဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်


(နိုင်ငံတကာ) စက်တင်ဘာ ၉

အိန္ဒိယစစ်ဘက်သည် Agni-4 အမျိုးအစား တာလတ်ပစ် အမြင့်ပျံဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်လိုက်နိုင်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။

ထို့ပြင် အိန္ဒိယနိုင်ငံသည် ရေငုပ်သင်္ဘောမှ ပစ်လွှတ်သောအမြင့်ပျံဒုံးကျည်အမျိုးအစားအသစ်ကိုလည်း ဖန်တီးထုတ်လုပ်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ ပြီးခဲ့သည့်သီတင်းပတ်အကုန်တွင် Agni-4 တာလတ်ပစ် အမြင့်ပျံဒုံးကျည်တစ်စင်းကို ချန်ဒီပူရမြို့ရှိ ပေါင်းစပ်ဒုံးစမ်းသပ်စခန်းမှ အောင်မြင်စွာပစ်လွှတ်ခဲ့ပြီး အဆိုပါ ပစ်လွှတ်မှုသည် စစ်ဆင်ရေးနှင့်နည်းပညာပိုင်းဆိုင်ရာ သတ်မှတ်ချက်များ ပြည့်မီစေခဲ့သည်ဟု ဖော်ပြထားသည်။

လက်ရှိ ဖန်တီးနေသော ဒုံးကျည်အမျိုးအစားအသစ်မှာ Agni-6 ဖြစ်ပြီး ရေငုပ်သင်္ဘောမှနေ၍ ပစ်လွှတ်နိုင် ကာ အကွာအဝေး ကီလိုမီတာ ၁၀,၀၀၀ အထိ ရောက်ရှိနိုင်မည်ဖြစ်သည်။

အိန္ဒိယနိုင်ငံသည် ကီလိုမီတာ ၇၀၀ အထိ ရောက်ရှိနိုင်သည့် Agni-1 ဒုံးကျည်၊ ကီလိုမီတာ ၂,၀၀၀ အထိ ရောက်ရှိနိုင်သည့် Agni-2 ဒုံးကျည်၊ ကီလိုမီတာ ၂,၅၀၀ အထိ ရောက်နိုင်သည့် Agni-3 ဒုံးကျည်၊ ကီလိုမီတာ ၃,၅၀၀ အထိ ရောက်ရှိနိုင်သည့် Agni-4 ဒုံးကျည်နှင့် ကီလိုမီတာ ၅,၀၀၀ နှင့်အထက်ရောက်ရှိနိုင်သည့် Agni-5 ဒုံးကျည်တိုကို စစ်ဘက်တွင်တပ်ဆင်ပေးထားပြီး ဖြစ် ကြောင်း Sputnik သတင်းဌာနဖော်ပြချက်အရ သိရသည်။

ရွှေကျွန်းသူ

Telegram»…
https://t.me/positiveanglenews

PAN