အကြမ်းဖက်အဖွဲ့မှ လူနေရပ်ကွက်အတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ၁ ဦးသေဆုံး ၂ ဦး​ဒဏ်


(ပြည်တွင်း) စက်တင်ဘာ ၄

တနင်္သာရီတိုင်းဒေသကြီး၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ လေညာအရှေ့ရပ်ကွက်အတွင်းသို့ ယမန်နေ့နံနက် ၉ နာရီခွဲ အချိန့်ခန့်တွင် အ​ကြမ်းဖက် အဖွဲ့များက လက်နက်ကြီး ဖြင့်ပစ်ခတ်ရာ ရပ်ကွက်အတွင်းသို့ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အဆ်ိုပါ အကြမ်းဖက်အဖွဲ့၏ လက်နက်ကြီးကျည်ကြောင့် အရပ်သားကွမ်းသီးထမ်းနေသူနှစ်ဦး ခရီးသွားပြည်သူတစ်ဦး ကျည်စထိမှန်ခဲ့ပြီး တစ်ဦးသေဆုံး နှစ်ဦးဒဏ်ရာရရှိကြောင်း သိရသည်။

သေဆုံးသူမှာ လေညာအရှေ့ရပ်ကွက်‌နေ မောင်ဟိန်းမြတ်တိုး၊ အသက်(၁၇)နှစ်၊ (ဘ) ဦးသန်းလွင်၊ ဒဏ်ရာရခရီးသွာပြည်သူ ဦးညီညီဝင်း မြိတ်မြို့‌နေသူနှင့် ဦးဘိုဇော်ဟိန်း တစ်မိုင်ခွဲကျေးရွာ‌နေသူတို့ဖြစ်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN