မန္တလေးမြို့ ရှော့တိုက်ဒုံးပစ်ခတ်မှုဖြစ်ပွား


စက်တင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်းဘေးရှိ နန်းတော်ကျွန်း၊ သုံးဆယ်ပေး၊ စိန်ကျွန်း၊ ဥဒေါင်း၊သပြေသာ၊ ရွာသစ်၊ ရွာသာအေးကျေးရွာတို့မှာ အကြမ်းဖက် PDF များကြီးစိုးသော ကျေးရွာများဖြစ်ကြောင်းဒေသခံများထံမှ သိရသည်။

လွန်ခဲ့သော ၃ ရက်ခန့်က သုံးဆယ်ပေးကျေးရွာ၏အနောက်ဖက်ရှိကျွန်းပေါ်တွင် အကြမ်းဖက် PDF များမှ ရှော့တိုက်ဒုံးများ စမ်းသပ်ပစ်ခတ်နေသည်ကို ဒေသခံများမှ တွေ့ရှိခဲ့ကြောင်းသိရပါသည်။

အဆိုပါနန်းတော်ကျွန်း၊ ဥဒေါင်းကျေးရွာတို့သည် ပုသိမ်ကြီးမြို့နယ်၊ အာလောင်ကျေးရွာနှင့်ဆက်စပ်နေပြီး အာလောင်ကျေးရွာမှတဆင့် ပုဂံတပ်ကျေးရွာကိုဖြတ်ကာ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်ဖက်သို့ အကြမ်းဖက် PDF များဝင်ထွက် သွားလာနိူင်ကြောင်းဒေသခံများထံမှသိရပါသည်။

မတ္တရာမြို့နယ်အတွင်း အကြမ်းဖက် PDF အဖွဲ့များကို သုံးဆယ်ပေးရွာ၊ ပရဟိတအသင်းခေါင်းဆောင် မျိုးမောင်မောင်နှင့်ရွာသာအေးရွာမှ မောင်စိုးတို့ဦးဆောင်နေကြောင်းသိရပြီး ယမန်နေ့ နံနက် ၄ နာရီ အချိန်ခန့်က မန္တလေးမြို့ပေါ်သို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်သည့်ဖြစ်စဥ်တွင် မတ္တရာမြို့နယ်အတွင်းရှိ နန်းတော်ကျွန်း၊ သုံးဆယ်ပေး၊ဥဒေါင်း၊ သပြေသာ၊ ရွာသစ် ၊ရွာသာအေးကျေးရွာဘက်မှ အကြမ်းဖက် PDF များ၏ လက်ချက်ဖြစ်နိူင်ကြောင်း ဒေသခံပြည်သူများထံမှသိရ၍ အဆိုပါကျေးရွာများအားစစ်ဆေး ဆောင်ရွက်သင့်ကြောင်း ဒေသခံပြည်သူများ၏ ပြောကြားမှုအရသိရပါသည်။

#PAN