အမေရိကန်က ဗင်နီဇွဲလား သမ္မတလေယာဉ်ကို သိမ်းဆည်း

(နိုင်ငံတကာ) စက်တင်ဘာ ၃

အမေရိကန်အစိုးရက ဒိုမီနီကန်သမ္မတနိုင်ငံတွင်ရောက်နေသည့် အမေရိကန်က ဗင်နီဇွဲလား သမ္မတလေယာဉ်အားသိမ်းဆည်းလိုက်ကြောင်းသိရသည်။

အမေရိကန်အစိုးရ၏ တရားရေးဌာနမှ သိမ်းဆည်းခဲ့ခြင်းဖြစ်ပြီး အဆိုပါလေယာဉ်သည် အမေရိကန်ပြည်ထောင်စုရှိ အမည်ခံကုမ္ပဏီတစ်ခုမှ ဒေါ်လာ ၁၃ သန်းဖြင့်ဝယ်ယူသွားသည့် လေယာဉ်ဖြစ်ကြောင်း တရားရေးဌာန တာဝန်ရှိသူတစ်ဦးမှဆိုသည်။

အဆိုပါလေယာဉ်ဝယ်ယူမှုသည် အမေရိကန်အစိုးရ၏ ပိတ်ဆို့အရေးယူမှုများအား ချိုးဖောက်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ သိမ်းဆည်းရခြင်းဖြစ်ကြောင်းသိရသည်။

ဗင်နီဇွဲလား သမ္မတ နီကိုလက်စ်မာဒူရိုက ဝေဖန်ရှုပ်ချလိုက်ပြီး အမေရိကန်က လေယာဉ်ဓားပြတိုက်မှုဖြစ်ကြောင်း ပြောဆိုခဲ့သည်။

အမေရိကန်သည် ဗင်နီဇွဲလားရွေးကောက်ပွဲနှင့်ပတ်သက်ပြီး တရားမျှတမှုမရှိကြောင်း ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး အတိုက်အခံဘက်မှ ရပ်တည်ပြောဆိုခဲ့သည့်နိုင်ငံလည်းဖြစ်သည်။

အလင်းရောင်

Telegram»…
https://t.me/positiveanglenews

PAN