ဆိုင်ကယ်မောင်းလာသူအား ခရီးသည်ယာဥ်မှ ဝင်တိုက်သဖြင့် ဆိုင်ကယ်မောင်းသူ သေဆုံး


(မှုခင်း) စက်တင်ဘာ ၃

ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်ံရပ်ကွက်၊ ရန်ကုန်မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ်၂၃၄/၂၃၃ကြားတွင် ယမန်နေ့ည ၉ နာရီ ၅၀ မိနစ်အချိန်ခန့်က ယာဥ်တိုက်မှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ တပ်ကုန်းဘက်မှ ပျဉ်းမနားဘက်သို့မောင်းနှင်လာသော ဆိုင်ကယ်အနက်ရောင် Lifan အမျိုးအစား ယာဉ်မောင်း မောင်ဇော်၊ အသက် ၄၀ နှစ်၊(ဘ)ဦးစိန်ရှုတ်၊ အောင်သပြေကားဝပ်ရှော့၊ ပြည်စံအောင်ရပ်ကွက်၊ ဇေယျာသီရိမြို့နယ် နေသူအား တပ်ကုန်းဘက်မှ ပျဉ်းမနားဘက်သို့ မောင်းနှင်လာသော မှန်လုံအသေး နဂါးညီနောင်မော်တော်ယာဉ်လိုင်း၊ ယာဉ်မောင်း၊ ကျော်ထက်သူ၊ အသက် ၃၃ နှစ်၊ (ဘ)ဦးစိန်တူ၊မြို့ကုန်းရပ်ကွက်၊ အမှတ် ၂၅ ၊ဃ၊ ဘုရင့်နောင်လမ်း၊ ရပ်စောက်မြို့နေသူမှ ဆိုင်ကယ်နောက်မှတိုက်မိကြောင်း သိရသည်။

အဆိုပါ ယာဥ်တိုက်မှုကြောင့် မောင်ဇော်တွင် ပါးစပ် သွေးထွက်၊ ဦးခေါင်းပေါက်ပြဲ ၊ ဘယ်ခြေကျိုး ၊ ညာခြေပွန်းပဲ့ ဒဏ်ရာများဖြင့် အခင်းဖြစ်ရာနေရာတွင် သေဆုံးသွားကြောင်း သိရသည်။

ဇေယျာရွှေပြည်

Telegram»…
https://t.me/positiveanglenews

PAN