ထူးပွားအောင်(၉) ရေယာဉ်ဝမ်း‌ဗိုက်အတွင်း ဝရိန်ဆော်ရာမှ မီးလောင်မှုဖြစ်ပွား


(ပြည်တွင်း)ဩဂုတ် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်၊အမှတ် (၃)ရပ်ကွက်၊သီတာဆိပ်လမ်း၊‌အဏ္ဏဝါငါးဖမ်းလုပ်ငန်းကုမ္ပဏီရှိထူးပွားအောင်(၉) ရေယာဉ်ဝမ်း‌ဗိုက်အတွင်း ဝရိန်ဆော်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယနေ့ မွန်းလွဲ၂နာရီခွဲအချိန်ခန့်က ထူးပွားအောင်(၉) ရေယာဉ်ဝမ်း‌ဗိုက်အတွင်း အအေးခန်း အ‌အေးလုံရန်အတွက် ဦးအောင်ရွှေထွန်း(၀ရိန်အဖွဲ့‌ ခေါင်းဆောင်)(၇)ဦးတို့အား ငှားရမ်း၍ ဖော့ပြားခံ၍ သံပြားဝရိန်ဆော်ရာမှ မီးပွားထွက်၍ မီး‌လောင်ခဲ့ခြင်းဖြစ်ပြီး ပုဇွန်တောင်မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ရေသယ်ယာဉ်(၁)စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၃နာရီ၁၅မိနစ်အချိန်တွင် မီးငြှိမ်းသတ်ခဲ့နိုင်ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် အေးချမ်းအောင်၊၂၄ နှစ်ခန့် နှင့် ဝေလု ၄၀နှစ်ခန့် ရိုးကြီးရပ်ကွက်၊ လှိုင်သာယာမြို့နယ်နေသူတို့ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ သေဆုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးငွေ(၅၀၀၀၀)ကျပ် ပျက်စီးခဲ့ကြောင်း ကနဦး သတင်းရရှိသည်။

#PAN