ပြင်သစ်လေတပ်မှ ဂျက်ဖိုက်တာ ၂ စီးတိုက်မိပြီး လေယာဉ်မှူးများသေဆုံး


(နိုင်ငံတကာ) ဩဂုတ် ၁၆

ပြင်သစ်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသတွင် ပြင်သစ်လေတပ်မှ ဂျက်ဖိုက်တာ ၂ စီးတိုက်မိပြီး လေယာဉ်မှူးများသေဆုံးခဲ့ကြောင်း သိရသည်။

ပြင်သစ်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ Colombey-les-Belles မြို့တွင်ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်စဉ်တွင် လေယာဉ်တစ်စင်းပေါ်တွင် လိုက်ပါလာသည့် ပြင်သစ်စစ်ဗိုလ် (၂) ဦးသေဆုံးခဲ့ကြောင်းသိရသည်။

တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် အခြားလေယာဉ်မှ လေယာဉ်မှူးအား ထိခိုက်ဒဏ်ရာမပါဘဲတွေ့ရှိခဲ့ကြောင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေကြောင်း ပြင်သစ်စစ်တပ်ဝန်ကြီး Sébastien Lecornu က ၎င်း၏ လူမှုကွန်ယက်တွင် ရေးသားခဲ့သည်။

Telegram»…
https://t.me/positiveanglenews

PAN

AMK #SZ