အထူးထုတ် စာပိုတံဆိပ်ခေါင်းသစ် ရောင်းပေးမည်


(ပြည်တွင်း) ဩဂုတ် ၇

ပိုဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းက (၅၇)နှစ်ပြည့် အာဆီယံ ထူထောင်ခြင်း အထိမ်းအမှတ်အဖြစ် ၂၀၀ ကျပ်တန် အထူးထုတ် စာပိုတံဆိပ်ခေါင်းသစ်တစ်မျိုးကို ဩဂုတ်လ ၈ ရက်မှာ ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဩဂုတ်လ ၈ ရက်နေ့ မနက် ၉ နာရီခွဲအချိန်ကစတင်ပြီး နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီး၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရှိ စာတိုက်ကြီးတွေမှာ တစ်ပြိုင်တည်း ရောင်းချပေး သွားမှာ ဖြစ်တယ်လို့ မြန်မာ့စာတိုက်လုပ်ငန်းကနေ သိရပါတယ်။

ဒါ့အပြင် အထူးအစီအစဉ် တစ်ရပ်အနေနဲ့ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနဲ့ မန္တလေး စာတိုက်ကြီးတို့မှာ ဩဂုတ်လ ၈ ရက်မှာ ဝယ်ယူတဲ့ စာပိုတံဆိပ်ခေါင်းတွေနဲ့ ပထမနေ့စာအိတ်တွေပေါ်မှာ နေ့စွဲ အမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

SZ