မြိုင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာနှင့် ဟားခါး-ထန်တလန်သွားကားလမ်း အနီးတို့တွင် အကြမ်းဖက် PDF အလောင်းနှင့် ခဲယမ်းဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ


(ပြည်တွင်း) ဩဂုတ် ၇

ယမန်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာအနီး နယ်မြေ ရှင်းလင်းရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့များနှင့် အကြမ်းဖက် PDF အဖွဲ့များ ထိတွေ့ပစ် ခတ်မှုဖြစ်ရာ အကြမ်းဖက် PDF အလောင်း ၁ လောင်း၊ ကျည် ၁၂၀ တောင့်၊ ကျည်အိမ် ၂ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည်ကာအင်္ကျီ ၁ ထည်၊ ကျည်ကာဦးထုပ် ၁ လုံး တို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။

ထိုအတူ ယမန်နေ့ နေ့လည် ၂ နာရီအချိန်ခန့်တွင်လည်း ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဟားခါး-ထန်တလန်သွားကားလမ်းအနီးတွင် အကြမ်းဖက် CNA/CNF များနှင့် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားရာအကြမ်းဖက် CNA/CNF အလောင်း ၃ လောင်းကို အသေပစ်ခတ်ဖမ်းဆီးရမိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

GE #SZ