မြန်မာလုပ်သား ၇၀၀ ကျော်ကို ဂျပန်အလုပ်ကမ်းလှမ်း


(ပြည်တွင်း) ဩဂုတ် ၇

ဂျပန်ကုမ္ပဏီ ၂၀၀ ကျော်က မြန်မာအလုပ်သမား ၇၀၀ ကျော်ကို ခေါ်ယူဖို့ အလုပ်ကမ်းလှမ်းထားတယ်လို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

တိုကျိုမြို့ရှိ မြန်မာသံရုံးအနေနဲ့ ဂျပန်နိုင်ငံရှိ ကုမ္ပဏီတွေက ပေးပို့လာတဲ့ အလုပ်ကမ်းလှမ်းစာ ၂၀၆ ခုရဲ့ အချက်အလက်တွေကို စိစစ်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနကို ပေးပို့အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။

စိစစ်ရာမှာတော့ ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနဲ့ အလုပ်ခေါ်ယူတဲ့ စက်ရုံ/ကုမ္ပဏီ တွေဟာ ဂျပန်နိုင်ငံမှာ တရားဝင်တည်ထောင်ထားတာ ရှိ၊ မရှိ စာရွက်စာတမ်း အထောက်အထားတွေနဲ့ စစ်ဆေးခဲ့ တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စိစစ်ချက်တွေအရ မြန်မာအလုပ်သမား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၇၆၀ ကျော်ကို ခေါ်ယူဖို့ ကမ်းလှမ်းထားတာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

SZ