ရုရှားကာကွယ်ရေးဝန်ကြီးဟောင်း ဆာဂေးရှိုးဂူ အီရန်နိုင်ငံရောက်ရှိနေ


(နိုင်ငံတကာ) ဩဂုတ် ၆

ရုရှားကာကွယ်ရေးဝန်ကြီးဟောင်း ဆာဂေးရှိုးဂူသည် အီရန်နိုင်ငံသို့ရောက်ရှိနေကြောင်းသိရသည်။

လက်ရှိအချိန်တွင် ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူးအဖြစ်တာဝန်ထမ်းဆောင်နေပြီး ပြီးခဲ့သည့် တနင်္လာနေ့က ရှိုးဂူသည် အလုပ်သဘောခရီးစဉ်အဖြစ် မြို့တော် တီဟီရန်သို့ရောက်ရှိနေကြောင်းသိရသည်။

ရုရှားနိုင်ငံပိုင်သတင်းဌာနများ၏ဖော်ပြချက်အရ ကာကွယ်ရေးဝန်ကြီးဟောင်းသည် အီရန်သမ္မတသစ် Masoud Pezeshkian၊ အီရန်တော်လှန်ရေးအစောင့်တပ်စစ်ဦးစီးချုပ်နှင့် တာဝန်ရှိသူများနှင့်တွေ့ဆုံရန်ရှိကြောင်း သိရ သည်။

တီဟီရန်တွင်ပြုလုပ်မည့် အဆိုပါ ဆွေးနွေးမှုများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနှင့် ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ကျယ်ကျယ်ပြန့်ပြန့်ပါဝင်မည်ဟုသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMK #SZ