ဘေရွတ်တိုက်ခိုက်မှုတွင် ဟစ်ဇ်ဘိုလာတပ်မှူးတစ်ဦးသေဆုံးကြောင်းအစ္စရေးပြော


(နိုင်ငံတကာ) ဇူလိုင် ၃၁

လက်ဘနွန်နိုင်ငံ၊ ဘေရွတ်တောင်ပိုင်း၊ ဆင်ခြေဖုံးရှိ အဆောက်အအုံအား အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုတွင် ဟစ်ဇ်ဘိုလာထိပ်တန်းတပ်မှူးတစ်ဦး သေဆုံး ကြောင်း အစ္စရေးစစ်တပ်မှ ထုတ်ပြန်ခဲ့သည်။

အဆိုပါတိုက်ခိုက်မှုတွင် ဟစ်ဇ်ဘိုလာ၏ ထိပ်တန်းတပ်မှူးတစ်ဦးဖြစ်သူ Fuad Shukr သေဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့သော်လည်း သီးခြား အတည်ပြုနိုင်ခြင်းမရှိ ကြောင်း ဒေသတွင်းသတင်းမီဒီယာများက ဖော်ပြသည်။

အစ္စရေးသိမ်းပိုက်ထားသည့် ဂိုလန်ကုန်းမြင့်ဒေသတိုက်ခိုက်ခံရမှုတွင် လူငယ်ပေါင်း ၁၂ ဦးသေဆုံးခဲ့မှုအပေါ် ဟစ်ဇ်ဘိုလာအဖွဲ့အား ပေးဆပ်မှုကြီးမားနိုင်ကြောင်း အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုကဆိုသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMK #SZ