ရန်ကုန်၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ မန်းမြို့တော် ပေါက်စီဆိုင်ရှေ့တွင် လက်လုပ်မိုင်းတစ်လုံးတွေ့ရှိ


(ပြည်တွင်း) ဇူလိုင် ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ရန်ကုန်-ပုသိမ် အမှတ်(၅)လမ်မကြီးဘေး မန်းမြို့တော်ပေါက်စီ ဆိုင်ရှေ့မျက်နှာစာ ကားလမ်းဘေး ပိတောက်ပင်အောက်တွင် ယနေ့နေ့လည် ၃ နာရီအချိန်ခန့်က မသင်္ကာဖွယ်ရာအထုတ် တစ်ထုတ်တွေရှိကြောင်း သိရသည်။

အဆိုပါ မသက်ာဖွယ်ရာအထုတ်အား ရှင်းလင်းဆောင်ရွက်နိုင်ရန်အတွက် အမှတ်(၉၀၅) စစ်မြေပြင်အင်ဂျင်နီယာတပ်သို့ အကြောင်ကြားဆက်သွယ်ပြီး ပူးပေါင်း အဖွဲ့မှ လမ်းသွားလမ်းလာများအား လမ်များခေတ္တခဏရပ်နား၍ နယ်မြေရှင်းလင်းရေးစတင်ဆောင်ရွက်ခဲ့ပြီး ၄င်း မသင်္ကာဖွယ်ရာအထုတ်တွင်းမှ အလျား ၆ လက္မ အချင်း ၄ လက္မခန့်ရှိ pvc ပိုက်ဖြင့်ပြုလုပ်ထားသည့် လက်လုပ်မိုင်း(၁)လုံး၊ ၄င်းနှင့်တွဲလျက် အနက်ရောင် ကီးပက်ဖုန်းတစ်လုံးအားတွေ့ရှိရပြီး အတားအစည်း များပြုလုပ်ကာ အကူရမ်းကပ်၍ဖောက်ခွဲဖျကာဆီးခဲ့ပြီး လူနင့် ပစ္စည်းတစ်စုံရာထိခိုက်မှုမရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

ZN #SZ