ကျောက်ဆည်မြို့နယ်က ဘုန်းကြီးကျောင်းတိုက်တစ်ခုမှ ရဟန်းနှင့် သီလရှင်များ ပျောက်ဆုံး


(ပြည်တွင်း) ဇူလှိုင် ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ အင်တိုင်းကျေးရွာ၊ မင်းမွေးတောင်သုသာန်အနီးရှိ မန်လွယ် ပလောင်ကျောင်းတိုက်မှ ရဟန်း၊ သီလရှင်၊ စုစုပေါင်း အပါး ၄၀ ခန့် ပျောက်ဆုံးသွားကြောင်း သိရသည်။

ဇူလိုင်လ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ပလောင်ကျောင်း တိုက်မှ ရဟန်း၊ သီလရှင်၊ စုစုပေါင်း အပါး ၄၀ ခန့်သည် ၂ သုတ်ခွဲပြီး မန္တလေးဘက်သို့ ထွက်ခွာ ပျောက် ဆုံးလျက်ရှိကြောင်း၊ ကျောင်းသော့အား သုသာန်အစောင့်ထံ အပ်နှံသွားကြောင်း၊ နောက် ၂ လ လောက်မှပြန်လာမည်ဟု ပြောသွားကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

အဆိုပါ ကျောင်းတိုက်သို့ တာဝန်ရှိသူများ သွားရောက်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN

ZN #SZ