နောက်ကျအနိုင်ဂိုးနဲ့ ဗိုလ်လုပွဲကို နှစ်ကြိမ်ဆက်တက်လာခဲ့တဲ့ အင်္ဂလန်အသင်း


(အားကစား) ဇူလိုင် ၁၁

ယူရို ၂၀၂၄ ရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ နည်းပြဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းက နယ်သာလန်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲအဆင့်ကို တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။

အဆိုပါ ပွဲစဉ်ရဲ့ပွဲချိန် ၇ မိနစ်မှာပဲ နယ်သာလန်အသင်းကစားသမား ဆီမွန် က ၁၈ ကိုက်စည်းထိပ်ကနေ အပြင်းကန်သွင်းကာ နယ်သာလန်အသင်းတို့အတွက် ဦးဆောင်ဂိုးရယူသွားခဲ့ပါတယ်။

အင်္ဂလန်အသင်းတို့ ချေပဂိုးရဖို့ ဖိအားပေးကစားလာခဲ့ပြီး ပွဲချိန် ၁၈ မိနစ်မှာ ဧရိယာအတွင်း ဟယ်ရီကိန်း ဂိုးကန်သွင်းစဉ် နယ်သာလန်နောက်ခံလူ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ဒိုင်က VAR ပြန်ကြည့်ပြီး ပင်နယ်တီ သတ်မှတ်ခဲ့ပါတယ်။

အဆိုပါပင်နယ်တီကို ဟယ်ရီကိန်း ကိုယ်တိုင်ကန်သွင်းပြီး အင်္ဂလန်အသင်းအတွက် ချေပဂိုး ရယူခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ နှစ်သင်းစလုံး ထိုးဖောက်တိုက်စစ်ဆင်မှုတွေလုပ်ခဲ့ကြပြီး နယ်သာလန်အသင်းရဲ့ ဂိုးကန်သွင်း ချက်တွေကို အင်္ဂလန်အသင်းဂိုးသမား ပစ်ဖိုဒ် ကာကွယ်နိုင်ခဲ့ပါတယ်။

ပွဲချိန် မိနစ် ၉၀ မှာတော့ လူစားဝင် ကစားသမား ဝက်ကင်စ် က အင်္ဂလန်အသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းယူကာ ဗိုလ်လုပွဲသို့ ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၀ နဲ့ ၂၀၂၄ နှစ်ကြိမ်ဆက်တိုက် ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ