လူမည်းအမျိုးသမီးတစ်ဦးကို ဥပက္ခာပြုသည့် သမ္မတဘိုင်ဒန် ဝေဖန်ခံနေရ


(နိုင်ငံတကာ) ဇွန် ၉

မဲဆွယ်စည်းရုံးရေးပွဲတစ်ခုတွင် လူမည်းအမျိုးသမီးတစ်ဦးအား ဥပက္ခာပြုခဲ့သည့်အတွက် သမ္မတဘိုင်ဒန်ကို မီဒီယာများနှင့် လူ့အခွင့်အရေးလှုပ်ရှားသူအချို့မှ ဝေဖန်လျက်ရှိသည်။

သမ္မတဘိုင်ဒန်သည် ဟောပြောမှုအပြီးတွင် ၎င်းအားထောက်ခံသည့် လူဖြူအုပ်စုများနှင့် ပျော်ရွှင်စွာ ဓာတ်ပုံရိုက်ကူးခဲ့သော်လည်း ဘိုင်ဒန်နှင့် ကာမဲလ်လာဟဲရစ်တို့အားထောက်ခံသည့် ဆိုင်းဘုတ်ကိုင်ဆောင်ထားသည့် လူမည်းအမျိုးသမီးငယ်ကို ကျော်လွန်ကာ အခြားလူဖြူများအား တရင်းတနှီးနှုတ်ဆက်နေခဲ့ကြောင်း အဆိုပါရုပ်သံတွင် မြင်ရသည်။

အဆိုပါ ရုပ်သံသည် Wisconsin ပြည်နယ်ရှိ မက်ဒီဆင်ဒေသတွင် ရိုက်ကူးထားခြင်းဖြစ်ပြီး အဆိုပါအမျိုးသမီးငယ်သည် ဘိုင်ဒန်၏ ဥပက္ခာပြုမှုကြောင့် ကြိုးစား ပြုံးနေသော်လည်း သိသိသာသာ မျက်နှာပျက်နေခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ရီပက်ဘလစ်ကန်ထောက်ခံသူများကလည်း ပြင်းပြင်းထန်ထန်ဝေဖန်ထားပြီး ဒေါ်နယ်ထရန့်အား ပြန်လည်ဖော်ပြရန် ဝိုင်းဝန်းတောင်ဆိုမှုများလည်းရှိခဲ့သည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMK #SZ