ယနေ့ ကုန်စျေးနှုန်း –


၂.၇.၂၀၂၄ 

ဇူလိုင်လ ၂ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ပဲစဉ်းငုံနီဈေးတွေ ဆက်တိုက် ကျဆင်းနေသလို ပဲတီစိမ်းနဲ့ ကုလားပဲဈေးတွေလည်း အနည်းငယ် ကျဆင်းနေပါတယ်။

ကြက်သွန်နီဈေး အနည်းငယ် တက်လာပေမယ့် ကြက်သွန်ဖြူ၊ မန်ကျည်းသီးနဲ့ အာလူးဈေးတွေကတော့ ဈေးငြိမ်နေပါ တယ်။

မတ်ပဲ (FAQ/RC) တစ်တင်းကို ၁၀‌၇,၀၃၅ ကျပ်၊ မတ်ပဲ (SQ/RC) တစ်တင်းကို ၁၁၆,၆၇၈ ကျပ်၊ မတ်ပဲ (Raw) တစ်ပိဿာကို ၅,၄၅၀ ကျပ်ကနေ ၅,၄၈၅ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၁၄၃,၁၀၀ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၃,၀၀၀ ကျပ်ကနေ ၄,၅၇၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၄,၆၉၅ ကျပ်ကနေ ၅,၆၆၅ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၃,၇၅၀ ကျပ်ကနေ ၄,၁၇၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၀၀၀ ကျပ်ကနေ ၃,၅၀၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၄၀၀ ကျပ်ကနေ ၁,၄၂၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၄,၆၆၅ ကျပ်ကနေ ၄,၈၃၅ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၅,၄၅၀ ကျပ်ကနေ ၅,၇၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၁‌,၆၀၀ ကျပ်ကနေ ၂၃,၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာကို ၉,၃၀၀ ကျပ်ကနေ ၉,၅၀၀ ကျပ်၊ ကြံသကာ တစ်ပိဿာကို ၃,၁၀၀ ကျပ်ကနေ ၃,၃၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၁,၉၀၀ ကျပ်ကနေ ၃,၂၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၃,၄၀၀ ကျပ်ကနေ ၆,၂၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၄,၇၀၀ ကျပ်ကနေ ၄,၇၅၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၄,၁၅၀ ကျပ်ကနေ ၅,၉၅၀ ကျပ်၊ ပုစွန်ခြောက် (ဖျာပုံရွှေပုစွန်) တစ်ပိဿာကို ၃၀,၀၀၀ ကျပ်ကနေ ၁၅၀,၀၀၀ ကျပ်၊ ငါးရွှေ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်ကနေ ၂၅,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။

နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) ၏ ထုတ်ပြန်ချက် အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၆ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၁,၅၅၄ ကျပ် ဖြစ်ပါတယ်။

ပြင်ပပေါက်ဈေးအရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၄,၅၁၉ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၃,၃၂၃ ကျပ် ဖြစ်ပါတယ်။    

စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD) ၏ နေ့စဉ် ထုတ်ပြန်ချက်အရ –Octane 92 တစ်လီတာကို ရန်ကုန်မှာ ၂,၆၅၅ ကျပ်၊ မန္တလေးမှာ ၂,၇၃၀ ကျပ်၊ နေပြည်တော်မှာ ၂,၇၁၀ ကျပ်။-Octane 95 တစ်လီတာကို ရန်ကုန်မှာ ၂,၇၉၀ ကျပ်၊ မန္တလေးမှာ ၂,၈၆၅ ကျပ်၊ နေပြည်တော်မှာ ၂,၈၄၅ ကျပ်။-ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၄၆၅ ကျပ်၊ မန္တလေးမှာ ၂,၅၄၀ ကျပ်၊ နေပြည်တော်မှာ ၂,၅၂၀ ကျပ်။-Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၈၉၅ ကျပ်၊ မန္တလေးမှာ ၂,၉၇၅ ကျပ်၊ နေပြည်တော်မှာ၂,၉၅၀ ကျပ် ရှိနေပါတယ်။    

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၄,၅၀၂,၅၁၄/-) လေးဆယ် ငါးသိန်း နှစ်ထောင် ငါးရာ တစ်ဆယ် လေး ကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၅,၃၇၀,၀၀၀ိ/-) ငါးဆယ် သုံးသိန်း ခုနှစ်သောင်း ကျပ် ရှိနေတယ်လို့ သိရပါတယ်။

#PAN