“ဘိုလီးဗီးယားကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ဥရုဂွေး”

(နိုင်ငံတကာ) ဇွန် ၃၀


ဇွန်လ ၂၈ ရက် မနက်အစောပိုင်းက ကစားခဲ့တဲ့ ဘိုလီးဗီးယားအသင်းနဲ့ ကိုပါအမေရိကဖလား အုပ်စုအဆင့် ဒုတိယမြောက်ပွဲစဉ်မှာ ဥရုဂွေးအသင်းက ဂိုးပြတ်အနိုင်ခဲ့ရပါတယ်။ ဥရုဂွေးအသင်းဟာ ဘိုလီးဗီးယားအသင်းနဲ့ ပွဲစဉ်မှာ အသာစီးနဲ့ကစားနိုင်ခဲ့ပြီး ၅ ဂိုးပြတ် အနိုင်ရခဲ့တာကြောင့် ကိုပါအမေရိကဖလားပြိုင်ပွဲရဲ့ အုပ်စုပွဲစဉ် ၂ ပွဲ ကစားအပြီးမှာ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။


ဘိုလီးဗီးယားအသင်းနဲ့ပွဲစဉ်မှာ ခြေစွမ်းပြနိုင်ခဲ့ပြီး တစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဒါဝင်နူးနက်ဇ် ဟာ ဥရုဂွေးအသင်းအတွက် ကစားခဲ့တဲ့ပြိုင်ပွဲစုံတွင် နောက်ဆုံး(၇)ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့တဲ့ မှတ်တမ်းကိုလည်း ရရှိခဲ့ ပါတယ်။ ဥရုဂွေးအသင်းဟာ အုပ်စုပွဲစဉ် ၂ ပွဲ ကစားပြီးချိန်မှာ ၂ ပွဲလုံးကို အနိုင်ရခဲ့သလို ပေးဂိုး ၁ ဂိုးနဲ့ သွင်းဂိုး ၈ ဂိုး အထိသွင်းယူနိုင်ခဲ့တာကြောင့် ပရိသတ်တွေက ချီးကျူးနေကြပါတယ်။

ကိုပါအမေရိကဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်အဖြစ် ဥရုဂွေးအသင်းဟာ အိမ်ရှင်အမေရိကန်အသင်းနဲ့ ဇူလိုင်လ ၂ ရက်မှာ ကစားရမှာ ဖြစ်ပါတယ်။

#PAN