အကြမ်းဖက် PDF နှစ်ဖွဲ့မှ ဝန်ထမ်းများထံမှ တစ်လလျှင် တစ်သိန်းဆတ်ကြေးပေးရန် ခြိမ်းခြောက်၍ ကောက်ခံနေ


(ပြည်တွင်း) ဇွန် ၂၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အတွင်းရှိ သောင်းကျန်းသူ အကြမ်းဖက်အဖွဲ့များ ဝင်ထွက်သွားလာရာ မြို့နယ်/ကျေးရွာများတွင် တာဝန်/တာဝန် ထမ်း ဆောင်နေသော ဝန်ထမ်းများအား အကြမ်းဖက်အဖွဲ့ PDF များမှ မိမိတို့အား ဝန်ထမ်းများမှ တစ်လလျှင် တစ်ဖွဲ့ကို ငါးသောင်းကျပ်ပေးရမည်ဟုခြိမ်းခြောက် တောင်းခံခဲ့ရာ ကျန်ရှိသော နယ်မြေခံဦးဆောင်သော PDF အဖွဲ့မှလဲ ၎င်းတို့အားလဲတစ်လလျှင် ငါးသောင်းကျပ်ပေးရမည်ဟုဆိုကာ ဝန်ထမ်းများအား ဖုံးဆက်၍ခြိမ်းခြောက်ခြင်း၊ ခေါ်ယူပြောဆိုခြင်းများ လုပ်ဆောင်နေသဖြင့် တာဝန်ကျဝန်ထမ်းများ အခက်တွေ့လျှက်ရှိကြောင်း သိရသည်။

“အဓိကကေတာ့ တောင်ငူခရိုင်ထဲက ရေတာရှည်၊ တောင်ငူ၊ အုတ်တွင်း၊ ဖြူး မြို့နယ်တွေဘက်က သူတို့ဝင်ထွက်နေတဲ့ဒေသ ရပ်ရွာတွေက တာဝန်ထမ်းနေ ဆဲ ပညာရေးဝန်ထမ်းတွေနဲ့ အခြားဝန်ထမ်းတွေဆီကနေ ကောက်နေတာပါ ထည့်ရင်လဲ သူပုန်အားပေးဆိုပြီး တရားစွဲထောင်ချခံရမယ်၊ မထည့်ရင်လဲ ဒလန် ဒလွတ်ဆိုပြီး အသတ်ခံရမယ် တချို့အဖွဲ့ကမြို့ပေါ်ကအိမ်ပါသိတယ် ဘာညာဆိုပြီး လိုက်ပြီး ဖုံးဆက်ခြိမ်းခြောက်တာ ထည့်ကြပြန်တော့လဲ အဖွဲ့မတူလို့ သီးသန့်ထပ်ထည့်ဆိုတော့ တစ်လကို တစ်သိန်းဖြစ်သွားရော ရတဲ့လစာနဲ့ အခုလိုအနိုင်ကျင့်ခံနေရတော့ မတိုင်ရဲဘူးလေ “ဟု အမည်မဖော်လိုသူ ပညာရေး ဝန်ထမ်းတစ်ဦးမှ ပြောဆိုခဲ့သည်။

ရေတာရှည်မြို့နယ် အတွင်း၌လဲ ဒေသခံ NLD ပါတီဝင် ဦးကိုကြီးလက်အောက်ခံ PDF အဖွဲ့မှ လစဉ် ၅၀၀၀၀ ကောက်ခံနေသလို ဒေသခံ NLD ပါတီဝင် PDF ဗိုလ်လက်တို့အဖွဲ့မှလည်း အဆိုပါနေရာများရှိ ဝန်ထမ်းများအား အဖွဲ့မတူကြောင်း သီးသန့်ဖြစ်ကြောင်း ၅၀၀၀၀ ကျပ် ထပ်မံကောက်ခံနေကြောင်းသိရသည်။

သက်ဆိုင်ရာ ပညာရေးမှူးများထံတင်ပြသော်လည်း မိမိလုံခြုံဘေးကင်းရေးအတွက် မိမိတာဝန်သာဖြစ်ပြီး အဆင်ပြေသလို ကိုယ့်နည်းကိုယ့်ဟန်ဖြင့်ပေး၍ ဖြေရှင်းဆောင်ရွှက်ရမည်ဟုသာ ပြောဆိုခဲ့ကြောင်း သိရသည်။

အကြမ်းဖက်အဖွဲ့များသည် နေရာဒေသအသီးသီး၌ နိုင်ငံ့ဝန်ထမ်းများအား ဒလန်ဟု ခေါင်းစဉ်တပ်၍ သတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ဆတ်ကြေးကောက် ခံခြင်း၊ စာသင်ကျောင်းများအားမဖွင့်ရန် ခြိမ်းခြောက်စာပို့ခြင်း၊ ဗုံးခွဲခြင်းတို့ကိုနေ့စဥ် ဆောင်ရွှက်လျှက်ရှိသည်။

ပုံ-လူမူကွန်ယက်

Telegram>>…
https://t.me/positiveanglenews

PAN

PKL #SZ