လှိုင်သာယာအနောက်ပိုင်းမြို့နယ်တွင် (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်ခဲ့


(ပြည်တွင်း) ဇွန် ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ ကုလားကြီးစုကျေးရွာ၊ ရန်ကုန်-ပုသိမ်လမ်းဘေး ကုန်တင်ယဉ်ရပ်နားဝင်းအတွင်းတွင် ယနေ့ နံနက် ၈ နာရီကျော်အချိန်ခန့်က (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများနှင့် ဓါတုပစ္စည်းများ မီးရှို့ဖျက်ဆီးခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မျိုးမင်းထိုက် နှင့်အစိုးရအဖွဲ့ဝန်ကြီးများ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ ဌာနဆိုင်ရာတာဝန်ရှိသူများ ဖိတ်ကြားထားသောဧည့်သည်တော်များ ဆရာ/ဆရာမ ကျောင်းသား/ကျောင်းသူများ သတင်းမီဒီယာများ စုစုပေါင်း ၅၀၀ ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

Telegram>>…
https://t.me/positiveanglenews

PAN

ZN #SZ