ရွှေပဲသီးရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ


(ကျန်းမာရေး)ဇွန် ၂၆

ရွှေပဲသီးမှာဆိုရင် ဗီတာမင်အေ၊ စီ၊ အမျှင်ဓာတ်တွေနဲ့ သံဓာတ်၊ ဗီတာမင်ကေတို ပါဝင်တဲ့အပြင် အခြား အာဟာရဓာတ်တွေလည်း ပါဝင်ပါတယ်။

ရွှေပဲသီးစားခြင်းက နှလုံးကို ကျန်းမာစေပါတယ်။ ကယ်လိုရီနည်းပါးခြင်းက နှလုံးနဲ့ဆက်စပ်တဲ့ ပြဿနာတွေ မဖြစ်စေတော့ပါဘူး။

ဒါ့အပြင် အဆီလည်းပါဝင်ခြင်းမရှိ၊ ဖောလိတ်ဓာတ်ကြောင့် နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

နှလုံး ကျန်းမာစေရုံသာမက သင့်ရဲ့ဝိတ်ကိုထိန်းနိုင်စေပြီး အရိုးတွေကိုလည်းကျန်းမာစေနိုင်ပါတယ်။ ဗီတာမင်ကေနဲ့ သံဓာတ်ပါဝင်တာကြောင့် သွေးအားနည်းခြင်းကိုလည်း ကာကွယ်နိုင်ပါတယ်။

ရွှေပဲသီးမှာ အမျှင်ဓာတ် မြင့်မားတာကြောင့် အစာခြေစနစ်ကို ကူညီပေးနိုင်ပါတယ်။ သွေးထဲက သကြားဓာတ်ကိုလည်း ထိန်းပေးနိုင်ပြီး အမျှင်ဓာတ်ကြောင့် အစာခြေလွယ်ပြီး ဝိတ်လည်း ထိန်းနိုင်ပါတယ်။

ကယ်လိုရီနည်းပါးစွာပါဝင်တာကြောင့် ဝိတ်မတက်စေဘဲ နှလုံး၊ သွေးတိုး၊ ဆီးချိုစတဲ့ အခြား နောက်ဆက်တွဲဆိုးကျိုးတွေ မဖြစ်နိုင်ပါဘူး။

ဒါ့အပြင် ခုခံအားလည်း ကောင်းစေပါတယ်။ ဗီတာမင်စီ နဲ့ caretenoid ပါဝင်တာကြောင့် အအေးမိ တုတ်ကွေးပြင်ပမှ ကူးစက်မှုတွေကို ကာကွယ်နိုင်ပါတယ်။ ကင်ဆာရောဂါဖြစ်ပွားမှုကိုလည်း လျော့ကျ စေပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ