လက်ရော့နှင့် ဝမ်ယီတို အာရှ-ပစိဖိတ်ဒေသ လုံခြုံရေးကိစ္စများ ဆွေးနွေး


(နိုင်ငံတကာ)ဇွန် ၁၁

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ရော့နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ တို့က အာရှ-ပစိဖိတ် ဒေသအတွင်း လုံခြုံရေးကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၁၀ ရက်တွင် ထုတ်ပြန်သည်။

ထို့ပြင် ရုရှားနိုင်ငံနှင့်တရုတ်နိုင်ငံတို့အပေါ် အမေရိကန်နိုင်ငံ၏ ဆန့်ကျင်သောလုပ်ဆောင်ချက်များနှင့် ပတ်သက်၍လည်း နှစ်နိုင်ငံဝန်ကြီးများ က ဆွေးနွေးသည်။

အလားတူ နှစ်နိုင်ငံဝန်ကြီးများသည် ယူရေးရှားဒေသ အတွင်း လုံခြုံရေးအခြေအနေများနှင့် ပတ်သက်၍လည်း ဆွေးနွေးမှုများ လုပ်ဆောင်သည်။

အဆိုပါ နိုင်ငံခြားရေး ဝန်ကြီးများသည် BRICS အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၏ ဘေးပန်းတွေ့ဆုံမှု၌ ယခု ကဲ့သို့ ဆွေးနွေးကြခြင်းဖြစ်ကြောင်း Sputnik သတင်းဌာနဖော်ပြချက်အရ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

#SZ