စစ်ကိုင်းတိုင်းက အကြမ်းဖက် PDF အဖွဲ့ကို ထောက်ပံ့နေတဲ့ မဲဆောက်က PDF ထောက်ပို့ရုံးကို ထိုင်းအာဏာပိုင်တွေ ဖျက်သိမ်း

(ပြည်တွင်း)ဇွန် ၁၁

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က အကြမ်းဖက် PDF ထောက်ပို့ရုံးတစ်ခုကို ဇွန်လ ၁၀ ရက်နေ့ ညနေပိုင်းက ထိုင်းအာဏာပိုင်တွေက ဝင်ရောက်စီးနင်း ဖျက်သိမ်းလိုက်ပါတယ်။

“နွေဦးတမာန်” လို့ အမည်ပေးထားတဲ့ အကြမ်းဖက် PDF ထောက်ပို့ရုံးကို မဲဆောက်မြို့၊ မယ်ကုရပ်ကွက်မှာ ဖွင့်လှစ်ထားပြီး မြန်မာနိုင်ငံအတွင်း အကြမ်းဖက် လုပ်ရပ်တွေ လုပ်ကိုင်နိုင်ဖို့ ငွေကြေးလက်နက်တွေ ထောက်ပံ့နေကြတာဖြစ်ပါတယ်။

နစကအစိုးရရဲ့ တိုင်ကြားမှုကြောင့် ထိုင်းအာဏာပိုင်တွေကို PDF ထောက်ပို့ရုံးကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်တယ်လို့ ထောက်ပို့ရုံးတာဝန်ခံတစ်ဦးက PDF အားပေး RFA သတင်းဌာနမှာ ပြောဆိုထားတာ တွေ့ရပါတယ်။

ထိုင်းအာဏာပိုင်တွေဟာ ထောက်ပို့ရုံးကို ခွင့်ပြုချက်မရှိဘဲ အတင်းဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ရုံးခန်းမှာ ချိတ်ဆွဲထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံတွေ၊ PDF အလံတွေ၊ ဂုဏ်ပြုမှတ်တမ်းလွှာတွေကို အကုန်ဖြုတ်ခိုင်းခဲ့တာဖြစ်တယ်လို့ ထောက်ပို့ရုံးတာဝန်ခံက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

နွေဦးတမာန်ထောက်ပို့အဖွဲ့ဟာ အကြမ်းဖက်လုပ်ရပ်တွေ လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ထွက်ပြေးသွားကြသူတွေနဲ့ ဖွဲ့စည်းထားပြီး ထိုင်းရောက် မြန်မာရွေ့ပြောင်းလုပ်သားတွေဆီက ခြိမ်းခြောက်ပြီး အလှူငွေတွေ ကောက်ခံနေတဲ့ အဖွဲ့တစ်ဖွဲ့လည်း ဖြစ်ပါတယ်။

အဲဒီထောက်ပို့အဖွဲ့ဟာ စစ်ကိုင်းတိုင်းအတွင်းမှာ အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်နေတဲ့ အကြမ်းဖက် PDF အဖွဲ့တွေကို အဓိကထား ကူညီနေတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်တယ်လို့လည်း သိရပါတယ်။

လက်ရှိအချိန်မှာ ထောက်ပို့ ရုံးခန်း ဖျက်သိမ်းခံရပေမဲ့ အကြမ်းဖက် PDF အဖွဲ့တွေအတွက် ထောက်ပို့လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်းသွားမှာဖြစ်တယ်လို့ ပြောဆိုထားတာကိုလည်း တွေ့ရပါတယ်။

#PAN