ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ က တတိယအဆက် အစိုးရသက်တမ်းအတွက် ကျမ်းသစ္စာ ကျိန်ဆို


(နိုင်ငံတကာ) ဇွန် ၁၀

ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရက်တစ် မဟာမိတ် (NDA) မှ ခေါင်းဆောင်ဖြစ်သူ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ က တတိယ အဆက်အစိုးရသက်တမ်းအတွက် ဇွန်လ ၉ ရက်တွင် ကျမ်းသစ္စာကျိန်ဆိုကြောင်း သိရသည်။

ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီနှင့်အတူ ၎င်းတို၏အစိုးရအဖွဲ့မှ ဝန်ကြီးများကလည်း ကျမ်းသစ္စာ ကျိန်ဆိုကြသည်။ နာရန်ဒရာ မိုဒီအနေဖြင့် ယခုကဲ့သို့ တတိယ အဆက်ထိတိုင် ဝန်ကြီးချုပ်အဖြစ် ဆက်တိုက် တာဝန်ထမ်းဆောင်နိုင်ခြင်းသည် အိန္ဒိယနိုင်ငံသမိုင်း၌ ဝန်ကြီးချုပ်ဟောင်း ဂျဝါဟာလာ နေရူး ပြီးနောက် ဒုတိယမြောက် ထိပ်တန်းတာဝန်ရှိသူ ဖြစ်လာသည်။

အိန္ဒိယနိုင်ငံသည် အိမ်နီးချင်းဦးစားပေးမူဝါဒအကောင်အထည်ဖော်မှုကို သက်သေပြသည့်အနေဖြင့် အိမ်နီးချင်းနိုင်ငံမှ ခေါင်းဆောင်များကိုလည်း ဝန်ကြီးချုပ် ၏ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားသို့ ဂုဏ်သရေရှိ ဧည့်သည်များအဖြစ် ဖိတ်ကြားခဲ့သည်။

အသက် ၇၃ နှစ်ရှိနေပြီဖြစ်သည့် နာရန်ဒရာ မိုဒီသည် ဇွန်လ ၁ ရက်တွင် ပြီးဆုံးသွားသော အထွေထွေရွေးကောက်ပွဲ၌ ဒေသတွင်း ပါတီ ၁၄ ခု၏ ထောက်ခံမှု နှင့်အတူ ၎င်း၏ BJR ပါတီ ဦးဆောင်မှုဖြင့် မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ခြင်း ဖြစ်သည်။

နာရန်ဒရာ မိုဒီ၏ ပြီးခဲ့သည့် အစိုးရသက်တမ်း ကာလအတွင်း ဝန်ကြီးချုပ်ဦးစီး ဝန်ကြီးများကောင်စီကို ဝန်ကြီး ၇၈ ဦးဖြင့် ဖွဲစည်းခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့တွင် ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီး ၂၉ ဦးနှင့် ပြည်နယ်ဝန်ကြီး ၄၇ ဦးတို့ ပါဝင်ကြောင်း TOI သတင်းဌာန တွင် ဖော်ပြထားသည်။

Telegram>>…
https://t.me/positiveanglenews

PAN

#SZ