အိန္ဒိယနိုင်ငံမှ ဆရာတော်ကြီးများနှင့် လူပုဂ္ဂိုလ်တစ်ချို့ကို သာသနာတော်ဆိုင်ရာ ဘွဲတံဆိပ်တော်များ ဆက်ကပ်


(နိုင်ငံတကာ) မေ ၂၉

အိန္ဒိယနိုင်ငံမှ ဘွဲခံဆရာတော်များဖြစ်သည့် Ven. Bhikkhu Sanghasena ၊ မဟာဗောဓိအပြည်ပြည်ဆိုင်ရာ တရားရိပ်သာ ဒေါက်တာဘဒ္ဒန္တဓမ္မပီယ၊ ဓမ္မဒီပ ပညာရေးကျောင်းနှင့် ဒေါက်တာ ဘဒ္ဒန္တယသ၊ ဉူးစန္ဒြမဏိ ဆိုနော်လီ မြန်မာကျောင်းတိုက်တို့အား သာသနာ့ဂုဏ်ထူးဆောင်ဘွဲများ ဆက်ကပ်အပ်နှင်းခဲ့ပြီး လူမှုထူးချွန်သူလေးဦးကိုလည်း အပြည်ပြည်ဆိုင်ရာဗုဒ္ဓငြိမ်းချမ်းရေးဆု (International Buddha Peace Awards)များ အပ်နှင်းခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံမှ ဘွဲခံဆရာတော်ကြီးများအား မြန်မာနိုင်ငံတော်အစိုးရက ဆက်ကပ်လှူဒါန်းသည့် “မဟာသဒ္ဓမ္မဇောတိကဓဇ”နှင့် “သဒ္ဓမ္မဇောတိကဓဇ” သာသနာတော်ဆိုင်ရာ ဘွဲတံဆိပ်တော်များ ဆက်ကပ်အပ်နှင်းသည့် အခမ်းအနားကို မေ ၂၆ ရက်နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြိုရှိ မြန်မာသံရုံး၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားသို ဂုဏ်ထူးဆောင်ဧည့်သည်တော်များအဖြစ် နိုင်ငံတော်သြဝါဒါ စရိယ၊ ရွှေကျင်နိကာယ သာသနာပိုင်အဘိဓဇမဟာရဋ္ဌဂုရု၊ သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရနှင့် ကုသိနာရုံ မြန်မာကျောင်းတိုက်မှ အဓိပတိပဓာန နာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရတိုက ကြွရောက်ချီးမြှင့်ခဲ့ပြီး ဗုဒ္ဓဘာသာနိုင်ငံများမှ သံအမတ်ကြီးများ၊ ဗုဒ္ဓဘာသာအဖွဲအစည်းပေါင်းစုံမှ ဆရာတော်များ၊ လူပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

မြန်မာနိုင်ငံတော်အစိုးရက ဆက်ကပ်လှူဒါန်းသည့် “မဟာသဒ္ဓမ္မဇောတိကဓဇ”နှင့် “သဒ္ဓမ္မဇောတိကဓဇ” သာသနာတော်ဆိုင်ရာ ဘွဲတံဆိပ်တော်များကို အစိုးရကိုယ်စား အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်က ဆက်ကပ်ခဲ့ကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMT #SZ