နော်ဝေ၊ စပိန်နှင့် အိုင်ယာလန် နိုင်ငံတိုက ပါလက်စတိုင်း ကို နိုင်ငံအဖြစ်အသိအမှတ်ပြုမည်


(နိုင်ငံတကာ) မေ ၂၃

ပါလက်စတိုင်းဒေသကို လွတ်လပ်သည့် ပါလက်စတိုင်းနိုင်ငံအဖြစ် မေလ ၂၈ ရက်မှစ၍ အသိအမှတ် ပြုမည်ဖြစ်ကြောင်း စပိန်၊ နော်ဝေနှင့် အိုင်ယာလန်နိုင်ငံတိုက ကြေညာခဲ့သည်။

ပါလက်စတိုင်းကို လွတ်လပ်သည့်နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုခြင်းအားဖြင့် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကို အဆုံးသတ်နိုင်မည်ဟု မျှော်လင့်ထားကြောင်း စပိန်၊ နော်ဝေနှင့် အိုင်ယာလန်နိုင်ငံခေါင်းဆောင်များ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ပါလက်စတိုင်းကို လွတ်လပ်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုမည်ဖြစ်ကြောင်း အိုင်ယာလန်၊ နော်ဝေနှင့် စပိန်နိုင်ငံတိုက ကြေညာခဲ့ပြီးနောက် အစ္စရေးအစိုးရသည် ယင်းနိုင်ငံများမှ သံအမတ်ကြီးများကို ပြန်လည်ခေါ်ယူထားသည်။

ထို့အပြင် ပါလက်စတိုင်းကို လွတ်လပ်သည့်နိုင်ငံအဖြစ် အသိအမှတ်ပြုမည့် အစီအစဉ်အတွက် စပိန်၊ နော်ဝေနှင့် အိုင်ယာလန်နိုင်ငံတိုမှ သံအမတ်ကြီးများကို ဆင့်ခေါ်ရှုတ်ချမည်ဖြစ်ကြောင်း အစ္စရေးနိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ပါလက်စတိုင်းပြည်သူများအနေဖြင့် အရှေ့ဂျေရုဆလင်ကို မြိုအဖြစ်ထားရှိမည့် ပါလက်စတိုင်းနိုင်ငံသစ်ကို အနောက်ဘက်ကမ်းဒေသနှင့် ဂါဇာကမ်းမြောင်တို၌ တည်ထောင်ရန်ရည်ရွယ်ထားသည်။

လက်ရှိအချိန်တွင် အနောက်ဘက်ကမ်းဒေသမှာ အစ္စရေးထိန်းချုပ်မှုအောက်တွင်ရှိနေပြီး ဂါဇာကမ်းမြောင် ဒေသမှာ အစ္စရေး၏ စစ်ရေးအရ တိုက်ခိုက်မှုများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ