ဖောင်းပြင်မြို့နယ် နန်းပန်ကျေးရွာအနီးတွင် အကြမ်းဖက် PDF များ၏ အလောင်းများ၊ လက်နက် ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ


မေ ၂၂

ယမန်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ နန်းပန်ကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ် အကြမ်းဖက် PDF များနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးလက်နက်ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိကြောင်းသိရသည်။

ယင်းထိတွေ့တိုက်ပွဲမှ လက်လုပ်စိန်ပြောင်း ၂ လက်၊ လက်လုပ်သေနတ်(အရှည်) ၁ လက်၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၂ လုံး၊ ၁ ယောက်ပစ်ကျင်း ၁၅ ကျင်း၊ ၂ ယောက်ပစ်ကျင်း ၃၀ ကျင်း၊ လူနေတဲ ၁၁ လုံး၊ မီးဖိုတဲ ၁ လုံး၊ ထမင်းစား စားပွဲ ၁၀ လုံး၊ ဆိုလာပြား ၂ ချပ်၊ ဘက္ထရီအိုး ၁ လုံးတို့ကို သိမ်းဆည်းရမိကြောင်း သိရပါသည်။

ထို့အတူ ညနေ ၄ နာရီအချိန်ခန့်တွင် နန်းပန်ကျေးရွာအနီးတွင် ထပ်မံ၍ အကြမ်းဖက် PDF များ၏ အလောင်း လက်နက်နှင့်ဆက်စပ်ပစ္စည်းများထပ်မံ သိမ်းဆည်းရမိရာ အကြမ်းဖက် PDF ၃ လောင်း၊ လက်လုပ်သေနတ်(အရှည်) ၂ လက်၊ အိုင်ကွန် ၂ လုံး၊ ဆိုင်ကယ် ၃ စီးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

#PAN