စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ ပါရမီရပ်ကွက်၌ အကြမ်းဖက် PDF များ၏ အလောင်း လက်နက် ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ


မေ ၂၂

ယမန်နေ့ ညနေ ၅ နာရီ ၃ခန့်တွင် စစ်ကိုင်းမြို့ ပါရမီရပ်ကွက်၌ အကြမ်းဖက် PDF များရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် လုံခြုံရေးအဖွဲ့များမှ သွားရောက်ရှင်းလင်း ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်အလောင်းများနှင့်လက်နက်ခဲယမ်းများသိမ်းဆည်းရမိကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်မှ အကြမ်းဖက် PDF ၅ လောင်း၊ အမ်အေ-၁၃ သေနတ် ၁ လက်၊ Sigsauer P-320 ပစ္စတို ၁ လက်၊ အမ်အေ-၁၃ ကျည်အိမ် ၁ ခု၊ ပစ္စတိုကျည်အိမ် ၁ ခု၊ ပစ္စတိုကျည် ၃ တောင့် ၊ ၉ မမ ကျည် ၁၅တောင့်၊ ကား ၁ စီး၊ ဆိုင်ကယ် ၁ စီးတို့ကိုသိမ်းဆည်းရမိကြောင်း သိရပါသည်။

#PAN