E-9 Visa လုပ်သားများအနေဖြင့် သတ်မှတ်ရမှတ်များနှင့် ပြည့်မှီပါ က E-7-4 Visa (ကျွမ်းကျင်လုပ်သားဗီဇာ) ပြောင်းလဲလျှောက်ထားနိုင်ပြီဟုဆို


(နိုင်ငံတကာ) မေ ၂၁

ကိုရီးယားသမ္မတနိုင်ငံ၌ ကျွမ်းကျင်လုပ်သားရှားပါးလာသည့် အခက်အခဲကိုဖြေရှင်းနိုင်ရန်အတွက် E-9 Visa လုပ်သားများအနေဖြင့် သတ်မှတ်ရမှတ်များနှင့် ပြည့်မှီပါ က E-7-4 Visa (ကျွမ်းကျင်လုပ်သားဗီဇာ) ပြောင်းလဲလျှောက်ထားနိုင်ကြောင်း ဆိုးလ်မြို့တွင်ရှိသော မြန်မာနိုင်ငံသံရုံးမှ အသိပေးကြေညာ ထားသည်။

ကိုရီးယားသမ္မတနိုင်ငံ၊ တရားရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် 2024 Briefing Session on Visa Policy အစည်းအဝေးကို မြန်မာသံရုံး၊ ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ ပါဝင်တက်ရောက်ခဲ့ပြီး အဆိုပါအစည်းအဝေးတွင်ကို ကိုရီးယားသမ္မတနိုင်ငံ၏ပြောင်းလဲလိုက်သော ဗီဇာမူဝါဒအခြေအနေကို သက်ဆိုင်ရာ သံရုံးများမှ တစ်ဆင့် အသိပေးကြေညာနိုင်ရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေး၏ ဆွေးနွေးချက်များအရ E-7-4 Visa လျှောက်ထားလိုသူများအနေဖြင့် E-9 ၊ E-10 နှင့် H-2 Visa ဖြင့်နေထိုင်သူများ လျှောက်ထားနိုင်ပြီး၊ ကိုရီးယားနိုင်ငံအတွင်း လွန်ခဲ့သည့် (၁၀) နှစ်အတွင်း၌ (၄) နှစ်နှင့်အထက်နေထိုင်သူ၊ လက်ရှိအလုပ်လုပ်ကိုင်နေသည့် ကုမ္ပဏီတွင် အလုပ်သမားစာချုပ် (၂) နှစ် အနည်းဆုံးရှိရမည်ဖြစ်ပြီး နှစ်စဉ်လုပ်ခလစာ ကိုရီးယားဝမ် (၂၆) သန်းနှင့်အထက်ရရှိသူ၊ လုပ်သက် (၁) နှစ် နှင့်အထက် အနည်းဆုံးရှိထားသော လက်ရှိလုပ်ကိုင်နေသည့်ကုမ္ပဏီ၏ ထောက်ခံချက်နှင့် ကိုရီးယားဘာသာစကား တတ်ကျွမ်းမှုရမှတ် (၂၀၀) နှင့်အထက်ရရှိသူ၊ ကိုရီးယားနိုင်ငံအတွင်း၌ နေထိုင်ပြီး ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်ဖူးခြင်းမရှိသူစသည့် သတ်မှတ်ချက်များနှင့် ကိုက်ညီရန်လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကိုရီးယားနိုင်ငံ၏ မွေးဖွားမှုနှုန်းကျဆင်းခြင်းနှင့် သက်ကြီးရွယ်အိုများပြားလာခြင်း၊လုပ်ငန်းခွင်ဝင်ရောက်နိုင်သူ နည်းပါးလာခြင်း အခြေအနေတို့ကြောင့် နယ်မြို့ (၆၆) မြို့တွင် နိုင်ငံခြားသားများအတွက် ရည်ရွယ်၍ Regional-Specialized Visa (F-2-R) ကို လျှောက်ထားနိုင်ကြောင်းနှင့် အသေးစိတ် အချက်အလက်များကို https://www.hikorea.go.kr/Main.pt တွင် လေ့လာနိုင်ပါကြောင်း ဆိုးလ်မြို့တွင်ရှိသော မြန်မာသံရုံးမှ အသိပေးကြေညာ ထားသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMT #SZ