ရုရှားဖက်ဒရေးရှင်းနိုင်ငံ အာကာသယာဉ်မှူး၏ အာကာသနည်းပညာဆိုင်ရာ အတွေ့အကြုံရှင်းလင်းပွဲကို ရန်ကုန်နည်းပညာတက္ကသိုလ်မှာ ပြုလုပ်”


(ပြည်တွင်း) မေ ၂၁

ရုရှားဖက်ဒရေးရှင်းနိုင်ငံ Roscosmos State Cooperation မှ အာကာသယာဉ်မှူးရဲ့ အာကာသနည်းပညာ ဆိုင်ရာ အတွေ့အကြုံရှင်းလင်းပွဲကို မေလ ၂၀ ရက်က ရန်ကုန်နည်းပညာတက္ကသိုလ်၌ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ အခမ်းအနားမှာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ အာကာသယာဉ်မှူး H.E. Mr. Krikalev Sergey Konstant-inovich က အာကာသနည်းပညာ ဆိုင်ရာ အတွေ့အကြုံများကို ရှင်းလင်းပြောကြားခဲ့ပြီး ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများရဲ့ မေးမြန်းမှုများကို ပြန်လည်ဆွေးနွေးဖြေကြား ပေးခဲ့ပါတယ်။

ဒါ့အပြင် Samara တက္ကသိုလ် Chief Executive Officer, Dmitrity A. Baranov က ရန်ကုန်နည်းပညာ တက္ကသိုလ်နှင့် Samara တက္ကသိုလ် အကြား အာကာသနည်းပညာနှင့် သက်ဆိုင်တဲ့ Exchange Program များ ဆက်လက်ဆောင်ရွက်သွားရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

အခုဆွေးနွေးရှင်းလင်းပွဲသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Roscosmos State Cooperation မှ Deputy General Director for International Cooperation၊ H.E. Mr. Savelyev Sergey Valentinovich နှင့် Roscosmos State Cooperation မှ Executive Director for Manned Space Program မှ အာကာသယာဉ်မှူး Mr. Krikalev Sergey Konstantinovich ၊ Samara တက္ကသိုလ်မှ ကိုယ်စားလှယ်များ၊ ရန်ကုန်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်း နည်းပညာ တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(မှော်ဘီ)၊ နည်းပညာတက္ကသိုလ် (သန်လျင်) တိုမှ ပါမောက္ခချုပ်များ၊ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသတက္ကသိုလ်မှ တာဝန်ခံပါမောက္ခချုပ်၊ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာ တက္ကသိုလ်များမှ ဒုတိယပါမောက္ခချုပ်များ၊ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာ တက္ကသိုလ်များမှ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ