မွန်ပြည်နယ်တွင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ၁၁ ခု ကျော်နှင့် အမေရိကန်ဒေါ်လာ ၁၅ သန်းကျော်ရင်းနှီးမြှပ်နှံထားဟုဆို


(ပြည်တွင်း) မေ ၂၁

မွန်ပြည်နယ်အတွင်း ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံ မှု စုစုပေါင်း ၂၀ ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ်သန်းပေါင်း ၇၀၃၅၅.၆၅၇ နဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁၁ ခု၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၁၅.၄၅၆ သန်း ရှိနေပြီး အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၄၄၈၇ ဦး ရှိကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှသိရသည်။

“ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံသူတွေ ပါဝင်​တဲ့ စီးပွား​ရေးအ​ခြေခံကောင်းတွေ တည်​ဆောက်ရမှာဖြစ်သလိုတစ်ဖက်ကလည်း ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုစီးဝင်လာ​စေ​ရေး ​ဆောင်ရွက် ကြဖို့လိုတယ်” ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းမှ ပြောသည်။

“မွန်ပြည်နယ်ဟာ စီးပွား​ရေးအရ အချက်အခြာကျတဲ့ ​နေရာတစ်ခုဖြစ်ပြီး ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှု ဖိတ်​ခေါ်ကာ ​ရေရှည်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ ဆောင်ရွက်နိုင်​ဖို့ကို အထူးအ​လေးထား​ဆောင်ရွက်​လျက်ရှိ​ပြီး ပြည်နယ်အတွင်း ကုန်ထုတ်လုပ်မှု လုပ်ငန်းမှာ MSME လုပ်ငန်းတွေဟာ အရေးပါဆုံး အခန်းကဏ္ဍမှာ ပါဝင်နေတာကြောင့် အားပေးဆောင်ရွက်ကြဖို့ လိုတယ်” ဟုလည်း မွန်ပြည်နယ် ရင်းနှီးမြှပ်နှံမှုကော်မတီကို ပြည်နယ်ဝန်ကြီးချုပ်မှ တိုက်တွန်းပြောဆိုထားသည်။

ယမန်နေ့ က မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ပြုလုပ်သည့် မွန်ပြည်နယ် ရင်းနှီးမြှပ်နှံမှုကော်မတီအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်မှပြောဆိုထားခြင်းဖြစ်ပြီး မွန်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြုချက်တင်ပြလာသည့် ကိစ္စရပ်များနှင့်ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMT #SZ