နွယ်ရုံကျေးရွာ၏ တောင်ဘက်တွင် အကြမ်းဖက်သောင်းကျန်းသူများမှ ရွှေလုပ်ငန်းလုပ်ကိုင်သူ အပြစ်မဲ့ပြည်သူ ၄ ဦးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်


(ပြည်တွင်း)မေ ၂၁

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုးကျေးရွာအုပ်စု၊ နွယ်ရုံကျေးရွာ၏ တောင်ဘက်ရှိ မောင်စိုင်းကျော်သူ ၏နေအိမ်သို့ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်ခန့်က အကြမ်းဖက် PDF သောင်းကျန်းသူ ၃ ဦးခန့်သည် လက်နက်ကိုယ်စီ ကိုင်ဆောင်၍ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး နေအိမ် အတွင်းရှိ အရပ်သား ၄ ဦးအား လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်၍ လာရာလမ်းအတိုင်း ပြန်လည်ထွက်ခွာသွားကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက် PDF အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှုကြောင့် နေအိမ်အတွင်း၌ ရွှေအင်းလုပ်ငန်း လုပ်ကိုင်သူများဖြစ်သည့် မောင်ပြည့်ဖြိုးမောင်(ခ)ညီထက်၊ အသက် ၂၀ နှစ်တွင် လည်ပင်း ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ မောင်မျိုးဇော်အောင်(ခ)ဂတုံး၊ အသက် ၁၈ နှစ်တွင် ဝဲ-ရင်အုံ/ခါး-ယာဘက်ခြမ်း/ဝမ်းဗိုက် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်စီ၊ မောင်စိုင်းကျော်သူ၊ အသက် ၂၀ နှစ်တွင် ဦးခေါင်း/နဖူး ကျည်ဖောက်ဝင်/ပွင့်ထွက်ဒဏ်ရာ ၁ ချက်စီ၊ မသဲစု၊ အသက် ၂၆ နှစ်တွင် လည်ပင်း/ယာ-ရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်စီဖြင့် သေဆုံးခဲ့​​​ကြောင်း သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

ZA #SZ