စင်ကာပူလေကြောင်းလိုင်းပိုင်လေယာဥ် လေထုမငြိမ်သက်မှုနှင့်ကြုံတွေခဲ့ရသည့်အတွက် ခရီးသည်တစ်ဦးသေးဆုံး အများအပြားဒဏ်ရာရ


(နိုင်ငံတကာ) မေ ၂၁

လန်ဒန်မှ စင်ကာပူသို့ ပျံသန်းလာသည့် စင်ကာပူ လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စီးသည် ပြင်းထန်သော လေထုမငြိမ်သက်မှုနှင့် ကြုံတွေ့ခဲ့ရပြီး လေယာဥ်တုန်ခါမှုကြောင့် ခရီးသည်လူတစ်ဦး သေဆုံးကာ အများအပြား ပြင်းထန်စွာ ဒဏ်ရာရခဲ့ကြောင်း စင်ကာပူ လေကြောင်းလိုင်းက ပြောကြားခဲ့သည်။

သေဆုံးသွားသူမှာ အသက် ၇၃ နှစ် အရွယ်ရှိသည့် ဗြိတိန်နိုင်ငံသား အမျိုးသားဖြစ်သည်ဟု ထိုင်းအာဏာပိုင်များမှ အတည်ပြု ပြောကြားထားသည်။

၎င်းလေယာဥ်ပေါ်လိုက်ပါလာသည့် အခြား ခရီးသည် ခုနစ်ဦးမှာလည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

အခင်းဖြစ်ပွားသည့် လေယာဥ်မှာ စင်ကာပူလေကြောင်းလိုင်းမှ Boeing 777 – 300 ER လေယာဉ်ဖြစ်ပြီး ခရီးသည်စုစုပေါင်း ၂၁၁ ဦးနှင့် လေယာဉ်အမှု ထမ်း ၁၈ ဦး လိုက်ပါလာသည်ဟု စင်ကာပူလေကြောင်းလိုင်းက ပြောသည်။

မေ ၂၀ ရက် ဒေသစံတော်ချိန် ည ၁၀ နာရီ ၃၈ မိနစ်တွင် လန်ဒန် ဟီးသရိုး လေဆိပ်မှထွက်ခွာလာသော SQ 321 လေယာဉ်သည် မေ ၂၁ ရက်တွင် ဘန်ကောက်သို့ လမ်းကြောင်းပြောင်းကာ ထိုင်း နိုင်ငံ ဒေသစံတော်ချိန် ညနေ ၃ နာရီ ၄၅ မိနစ်တွင် သုဝဏ္ဏဘုမ္မိလေဆိပ်ကို အရေးပေါ်ဆင်းသက်ခဲ့ရသည်ဟု ဆိုသည်။

လေယာဥ်တုန်ခါမှုကြောင့် လူ ၁၈ ဦးကို ဆေးရုံတင်လိုက်ရပြီး အခြားလူ ၁၂ ဦးမှာလည်း ဆေးရုံတွင် ကုသမှု ခံယူနေရသည်ဟု စင်ကာပူလေကြောင်းလိုင်း က ပြောကြားခဲ့သည်။

ကျန်ရှိနေသော ခရီးသည်များနှင့် လေယာဉ်အမှုထမ်းများကို လေဆိပ်တွင် စစ်ဆေးပေးနေပြီး လိုအပ်ပါက ဆေးဝါးကုသမှု ပေးနေသည်ဟုလည်းဆိုသည်။

အကူအညီများပေးရန် အတွက် စင်ကာပူလေကြောင်းလိုင်း မှ အဖွဲ့တစ်ဖွဲ့သည် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ ထွက်ခွာသွားပြီဟု ၎င်းလေကြောင်းလိုင်းမှ ပြောဆိုထားသည်။

Telegram>>…
https://t.me/positiveanglenews

PAN

ZA #SZ