ချမ်းမြသာစည်မြို့နယ်ရှိ မြဝတီဘဏ်အား အကြမ်းဖက်PDF ၂ ဦးမှ တရုတ်လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ပြီး ထွက်ပြေး


(ပြည်တွင်း)မေ ၂၁

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ချမ်းမြသာစည်တောင်ရပ်ကွက်၊အကွက်အမှတ်(၉၀၂)၊မန္တလေး- ရန်ကုန်ကားလမ်း၊မြနန္ဒလမ်းနှင့်စစ်ကိုင်း-မန္တလေး ကားလမ်းကြားရှိ မြဝတီဘဏ်အား ယနေ့နံနက် ၁၁နာရီ၁၀မိနစ်အချိန်ခန့်က ၇၈လမ်းအတိုင်း မြောက်မှတောင်သို့ မောင်းနှင်လာသည့် CZI ဆိုင်ကယ်စီးနင်းလာသော အမည်မသိ လူငယ် ၂ဦးအနက် နောက်မှထိုင်လာသည့် အမျိုးသားတစ်ဦးမှ တရုတ်လက် ပစ်ဗုံး တစ်လုံးဖြင့် ပစ်ပေါက်ခဲ့ရာ ဗုံးမှာ မြဝတီဘဏ်ရှေ့သို့ ကျရောက်ပေါက်ကွဲခဲ့ ကြောင်းသိရသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် မြဝတီဘဏ်ရှိ Sunshakeနှင့်ဘဏ်အတွင်းလေကာမှန်တို့ ပျက်ဆီးဆုံးရှုံးခဲ့ပြီး လူထိခိုက်မှု မရှိကြောင်း၊၎င်းလက်ပစ်ဗုံးဖြင့် ပစ်ပေါက်သည့် ဆိုင်ကယ်အား မြဝတီဘဏ် လုံခြုံ ရေးတာဝန်ကျအဖွဲ့မှ MA-1 ဖြင့် ၂ချက် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

#PAN