မြန်မာအမျိုးသားလေကြောင်းမှ ရန်ကုန်-နန်နင်း-ရန်ကုန် Cargo ခရီးစဉ် စတင်ပျံသန်းပြေးဆွဲ


(ပြည်တွင်) မေ ၁၇

မြန်မာအမျိုးအသားလေကြောင်းရဲ့ ရန်ကုန်-နန်နင်း-ရန်ကုန် ကုန်ပစ္စည်းသယ်ယူ ပိုဆောင်ရေးလေကြောင်း ခရီးစဉ်များ(Cargo Flight)ကို မေလ ၁၆ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ Boeing 737-800 Freighter လေယာဉ်နဲ့ စတင်ပျံသန်းပြေးဆွဲခဲ့တယ်လို မြန်မာအမျိုးသားလေကြောင်းမှ သိရပါတယ်။

အဆိုပါပျံသန်းပြေးဆွဲခဲ့တဲ့ ရန်ကုန်-နန်နင်းခရီးစဉ်(UB-8503)မှာ ရေထွက်ကုန်ပစ္စည်းများဖြစ်သော ဂဏန်း နှင့်ငါးရှဉ့် ၁၆ တန်ခန့် တင်ဆောင်ပျံသန်းခဲ့ပါတယ်။

မြန်မာအမျိုးသားလေကြောင်းရဲ့ ရန်ကုန်-နန်နင်း-ရန်ကုန် ကုန်ပစ္စည်းသယ်ယူပိုဆောင်ရေးလေကြောင်းခရီးစဉ် Cargo Flight ကို တစ်ပတ်လျှင် သုံးကြိမ် အင်္ဂါ၊ ကြာသပတေးနှင့် စနေနေ့တိုမှာ ပျံသန်းပြေးဆွဲသွားမှာဖြစ်ပါတယ်။

အဆိုပါနေ့များတွင် ရန်ကုန်မှ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်မှာ ထွက်ခွာ၍ နန်နင်းသို့ ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲတွင် ဆိုက်ရောက်မှာဖြစ်ပြီး နန်နင်းမှ ဒေသစံတော်ချိန် ည ၆ နာရီတွင် ပြန်လည်ထွက်ခွာကာ ရန်ကုန်သို ည ၇ နာရီ ၁၅ မိနစ်မှာ ဆိုက်ရောက်မှာဖြစ်ပါတယ်။

ဒါ့အပြင်ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေးလေကြောင်းခရီးစဉ်များ(Cargo Flight)ပျံသန်းပြေးဆွဲသည့် Boeing 737-800 Freighter လေယာဉ်သည် ၂ဝ၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်တွင် မြန်မာနိုင်ငံသို့ ဆိုက်ရောက်ခဲ့ပြီး မြန်မာအမျိုးသားလေကြောင်း၏ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး လေကြောင်းခရီးစဉ်များဖြစ်သော ရန်ကုန်-ကူမင်း-ရန်ကုန်၊ ရန်ကုန်-ဗန်ကောက်-ရန်ကုန်၊ ရန်ကုန်-စင်ကာပူ-ရန်ကုန်နှင့် ရန်ကုန်-မန်စီ-ရန်ကုန် Cargo ခရီးစဉ်များကို ပျံသန်းပြေးဆွဲပေးလျက်ရှိကြောင်းလည်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews/22694

PAN

SZ