အမေရိကန်က အစ္စရေးသို့ ဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိ လက်နက်များပို့ဆောင်ရန်စီစဉ်နေ


မေ ၁၅

အမေရိကန်အစိုးရက အစ္စရေးသို့ ဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိ လက်နက်များပို့ဆောင်ရန်စီစဉ်နေကြောင်း ပြည်ပမီဒီယာများ၏ ဖော်ပြချက်အရသိရသည်။

အိမ်ဖြူတော်အနေဖြင့် နည်းဗျူဟာသုံးယာဉ်များ တင့်ကားကျည်များ မော်တာကျည်များကို အစ္စရေးသို့ပေးပို့လိုကြောင်း ကွန်ဂရက်လွှတ်တော်သို့ပြောကြားခဲ့ကြောင်း သိရသည်။

ရာဖာသို့ ကြီးမားသည့် ထိုးစစ်ဆင်မည်ကို စိုးရိမ်သောကြောင့် လက်နက်ခဲယမ်းအထောက်အပံ့များ ရပ်ဆိုင်းထားမည်ဟု ပြီးခဲ့သည့် သီတင်းပတ်တွင် ကြေညာခဲ့သော်လည် ယခုအခါ ပေးပို့ရန် ထပ်မံကြိုးစားလာခြင်းဖြစ်သည်။

အမေရိကန်လွှတ်တော်သည် အစ္စရေး၊ ယူကရိန်းနှင့်ထိုင်ဝမ်နိုင်ငံများသို့ မမေရိကန်ဒေါ်လာ ၉၅ ဘီလီယံတန်ကြေးရှိ စစ်ရေးအကူအညီများ ထောက်ပံ့မည့် ဥပဒေကြမ်းအား ပြီးခဲ့သည့်လတွင် အတည်ပြုခဲ့သည်။

Telegram»…
https://t.me/positiveanglenews/22598

PAN

AMK #SZ