လက်ပန်လှကျေးရွာရှိ ပင်မလျှပ်စစ်ဓါတ်အားခွဲရုံအား အကြမ်းဖက်အဖွဲ့က Drone ဖြင့် Drop Bomb ချ တိုက်ခိုက်


(ပြည်တွင်း)မေ ၁၅

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာ၊ ပင်မလျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးခွဲရုံတွင် ယနေ့နံနက် ၁၁ နာရီအချိန်ခန့်က လက်ပန်လှနယ်မြေ ရဲစခန်းမှ လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် နေရာသို့ အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်/အင်အား(စီစစ်ဆဲ)အဖွဲ့မှ Drone ဖြင့် Drop Bomb ၁ လုံးပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဗုံးသီးသည် လုံခြုံရေးအဖွဲ့ အခြေပြုနေသည့် အဆောက်အဦး အမိုးပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့သဖြင့် သွပ်မိုးအနည်းငယ် ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews/22616?single

PAN

ZA#SZ