(ပြည်တွင်း)မေ ၁၄
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာရှိ နယ်မြေရဲစခန်းအား ယနေ့ မွန်းတည့်အချိန်ခန့်က အကြမ်းဖက် PDF အဖွဲ့ (စီစစ်ဆဲ)က Drone ဖြင့် Drop Bomb ၂ လုံး ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဗုံးသီး ၂ လုံးသည် ရဲစခန်းဝင်းအတွင်းရှိ စခန်းမှူး၏ ရုံးခန်းအမိုးပေါ်သို့ ၁ လုံးနှင့် စစ်ရေးပြကွင်းဘေးရှိ သစ်စိမ့်ပင်စိုက်ခင်းထဲသို့ ၁ လုံး ကျရောက် ပေါက်ကွဲခဲ့ရာ ဗုံးပေါက်ကွဲမှုကြောင့် ရုံးခန်းမိုးထားသည့် သွပ်ပြားအနည်းငယ် ပေါက်သွားကြောင်းနှင့် လူထိခိုက်မှုမရှိကြောင်း သိရှိရသည်။
Telegram>>…
https://t.me/positiveanglenews/22574?single