ထိုင်းဘုရင်၏နွားများရေသောက်သည့်အတွက် ရေပေါများမည်ဟုနမိတ်ယူ

(နိုင်ငံတကာ) မေ ၁၁

ထိုင်းနိိုင်ငံတွင် နှစ်စဥ်ပြုလုပ်လေ့ရှိသည့် ဘုရင်နှင့် မိဖုရားတို့၏ နှစ်စဉ် တော်ဝင်ထွန်ယက်ခြင်း မင်္ဂလာအခမ်းအနားကို ဘန်ကောက်မြို့ ဘုရင့်နန်တော်အနီးရှိ ဘုရင့်လယ်တော်တွင် သောကြာနေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

နှစ်စဥ် ပြုလုပ်သည့် တော်ဝင်ထွန်ယက်ခြင်းမင်္ဂလာအခမ်းအနားကို ရိုးရာ စပါးစိုက်ပျိုးရာသီ စတင်ခြင်း အထိမ်းအမှတ်အဖြစ်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ယခုနှစ်ပြုလုပ်သော တော်ဝင်ထွန်ယက်ခြင်း မင်္ဂလာအခမ်းအနားတွင် ထိုင်းဘုရင်၏ မြင့်မြတ်သောနွားမှ မြက်နှင့်ရေကို ရွေးချယ်စာသုံးခဲ့သည့်အတွက် ရေပေါများမည်ဟုလည်း ထိုင်းနန်းတွင်းပညာရှိများကခန့်မှန်းထားသည်။

ယင်းအပြင်း ၎င်းနွားတို့သည် ၂၀၂၄ ခုနှစ်တွင် ကြီးပွားတိုးတက်သော စီးပွားရေးအတွက် ကောင်းမွန်သော လက္ခဏာတစ်ခုအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုထားသည့် အရက်ကိုလည်း သောက်ကြကြောင်း သိရသည်။

#PAN