“လာအိုနိုင်ငံတွင်ပြုလုပ်မည့် ဇာတ်လမ်းတို၊ ရုပ်ရှင်ရိုက်ကူးခြင်းသင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ရန် မြန်မာလူငယ်များကို ဖိတ်ခေါ်”


(ပြည်တွင်း)မေ ၉
ကိုရီးယားဘူဆန်ရုပ်ရှင်ကော် Aisan Film Commission Network တို့စီစဉ်တဲ့ လာအိုနိုင်ငံမှာ ပြုလုပ်မယ့် လူငယ်များအတွက် ဇာတ်လမ်းတို၊ ရုပ်ရှင်ရိုက်ကူးခြင်းသင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ရန် မြန်မာလူငယ်များကို ဖိတ်ခေါ်ထားကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ နိုင်ငံတကာဆက်ဆံရေးကော်မတီမှ သိရပါတယ်။
အာဆီယံနိုင်ငံများနှင့် Aisan Film Commission Network အဖွဲ့ဝင်နိုင်ငံများမှ ရုပ်ရှင်မျိုးဆက်သစ် လူငယ် များ ထွက်ပေါ်လာစေရန် ASEAN-ROK Film Leaders Incubator-Fly Project အနေဖြင့် ဇာတ်လမ်းတို၊ ရုပ်ရှင်ရိုက် ကူးခြင်း သင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲကို လာအိုနိုင်ငံမှာ အောက်တိုဘာလ ၃၀ ရက်မှ နိုဝင်ဘာလ ၁၃ ရက်အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး အာဆီယံနိုင်ငံများမှ လူငယ်များတက်ရောက်ရန် ဖိတ်ခေါ်ထားရှိပါတယ်။ ဒါ့အပြင် အာဆီယံ ၁၀ နိုင်ငံနဲ့ ကိုရီးယားနိုင်ငံရှိ လူငယ်များ တက်ရောက်ကြမှာ ဖြစ်ပါတယ်။
အဆိုပါ သင်တန်းကို မြန်မာနိုင်ငံမှ ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၀၅ ခုနှစ်အတွင်း မွေးဖွားတဲ့လူငယ်လေးများ လည်း ပါဝင်လျှောက်ထားနိုင်ပြီး နိုင်ငံတစ်နိုင်ငံကို လူငယ်နှစ်ဦး ရွေးချယ်ခေါ်ယူသွားမှာ ဖြစ်ပါတယ်။
ဇာတ်လမ်းတို၊ ရုပ်ရှင်ရိုက်ကူးခြင်းသင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လိုပါက မေလ ၂ဝ ရက် နောက်ဆုံးထားပြီး ပြန်ကြားရေးဝန်ကြီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲများသို့ တိုက်ရိုက်လျှောက်ထားနိုင်ကာ မြန်မာ နိုင်ငံရုပ်ရှင်အစည်းအရုံး၊ နိုင်ငံတကာဆက်ဆံရေးကော်မတီမှတစ်ဆင့်လည်း ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရ ပါတယ်။

#PAN

#HH