မုံရွာမြို့နယ်၊ ဘုဘကျေးရွာအနီးတွင် အကြမ်းဖက် PDF များ၏ လက်နက်နှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ


မေ ၉

ယမန်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်း‌ဒေသကြီး၊ မုံရွာမြို့နယ်၊ ဘုဘကျေးရွာအနီး နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့များသည် အကြမ်းဖက် PDF များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ယင်း ထိတွေ့တိုက်ပွဲမှ လက်လုပ်သေနတ် ၅ လက်၊ လက်လုပ် ၄၀ မမသေနတ် ၁ လက်၊ လက်လုပ်သေနတ်ကိုယ်ထည် ၇ ခု၊ လက်လုပ်ကျည်အိမ် ၁ ခု၊ ပြောက်ကျားအင်္ကျီ ၂ ထည်၊ ပြောက်ကျားဦးထုပ် ၁ လုံး၊ ထမင်းစားပုံစံခွက် ၈ ခုတို့ကို သိမ်းဆည်းရမိကြောင်း သိရှိရသည်။

VK Link>>…
https://vk.com/wall-220066330_6319

Telegram>>…
https://t.me/positiveanglenews

PAN

KWN #SZ