ရာဖာထိုးစစ်ကြောင့် အစ္စရေးသို့တင်ပို့မည့်လက်နက်များ အမေရိကန်ဆိုင်းငံ့


မေ ၈

ရာဖာဒေသသို့အစ္စရေး၏ ကျူးကျော်စစ်ဆင်ရေးနှင့်ပတ်သက်ပြီး စိုးရိမ်မှုကြောင့် အစ္စရေးသို့ ဗုံးသီးနှင့်လက်နတ်များတင်ပို့မှုများ တင်ပို့မှုအား အမေရိကန်က ယာယီဆိုင်းငံ့ထားလိုက်ကြောင်းသိရသည်။

အဆိုပါတင်ပို့မှုတွင် ပေါင် ၂၀၀၀ ဗုံး ပေါင် ၁၈၀၀ ဗုံးနှင့် ပေါင် ၅၀၀ ဗုံးများ စုစုပေါင်း အလုံး ၁၇၀၀ ကျော် ပါဝင်ကြောင်း သိရသည်။

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမန်နေတန်ရာဟုမှ ရာဖာဒေသတွင် စစ်ဆင်ရေးလုပ်ဆောင်ရန်ကျန်ရှိနေပြီး ဟားမတ်စ်ကို ဖိအားပေးရန်လိုအပ်ကြောင်း ထပ်တလဲလဲပြောဆိုခဲ့သည်။

၎င်း၏ပြောဆိုချက်အပြီးတွင် အမေရိကန်က အဆိုပါ လက်နက်တင်ပို့မှုအား ရပ်ဆိုင်းလိုက်ခြင်းဖြစ်ပြီး “ဒီတင်ပို့မှုမှာ ဘယ်လိုဆက်လုပ်ရမလဲဆိုတာ ကျွန်တော်တို့ ဆုံးဖြတ်ထားတာမရှိပါဘူး”ဟု အမေရိကန်ဘက်မှဆိုထားသည်။

အမည်မဖော်လိုသည့် အစ္စရေးအကြီးတန်းအရာရှိတစ်ဦးက လက်နက်ထောက်ပံ့မှု အတိအကျကို အတည်မပြုသော်လည်း “ဝန်ကြီးချုပ်က ပြောထားပြီးသားအတိုင်း ငါတို့လက်သည်းနဲ့ တိုက်ရမယ်ဆိုရင်တောင် ငါတို့လုပ်စရာရှိတာလုပ်မယ်” ဟုဆိုသည်။

Telegram»…
https://t.me/positiveanglenews/22378

PAN

AMK #SZ