ညစဉ်အိပ်ချိန် ၁၁ နာရီထက်ကျော်ခြင်းရဲ့ ကျန်းမာရေးဆိုးကျိုးတွေ


မေ ၇

လေ့လာတွေ့ရှိချက်အရ လူသားတွေအတွက် အကောင်းဆုံးအိပ်စက်အနားယူချိန်ဟာ ည ၁၁ နာရီကနေ မနက် ၃ နာရီအတွင်း ဖြစ်တယ်လိုသိရပါတယ်။ အဲ့ဒီအဆိုကို ဆေးပညာရှင်တွေ အားလုံး နီးပါးကလည်း လက်ခံထားကြပါတယ်။

ည ၁၁ ကနေ ၃ နာရီ အတွင်းအနားမယူပဲ အလုပ်တစ်ခုခုလုပ်နေမယ်ဆိုရင် ကျန်းမာရေးကို ထိခိုက် စေပါလိမ့်မယ်။ ချက်ချင်းမဟုတ်ပေမယ့် ရေရှည်မှာ ကျန်းမာရေးအတွက် ဆိုးဝါးလာစေနိုင်ပါ တယ်။

အကြောင်းကတော့ လူ့ခန္ဓာကိုယ်ထဲမှာ အဓိကအရေးကြီးဆုံး အလုပ်လုပ်ပေးနေတဲ့ အသည်းဟာ ည ၁၁ နာရီမှ နံနက် ၃ နာရီ အချိန်အတွင်းမှာ လူတိုစားသုံးထားတဲ့ အစားအစာတွေထဲက အဆိပ်အတောက်တွေနဲ့ မလိုအပ်တဲ့အရာတွေကို စစ်ထုတ်ပေးနေရလို့ပဲ ဖြစ်ပါတယ်။ အသည်းရဲ့ အလုပ်လုပ်ချိန်လိုဆိုရင် ပိုမှန်ပါလိမ့်မယ်။

အဲဒီအချိန်အတွင်း ခန္ဓာကိုယ်ကို အနားပေးထားရပါတယ်။ အိပ်စက် အနားယူရပါတယ်။ အကယ်၍ အနားမပေးခဲ့ရင် အသည်းရဲ့လုပ်ဆောင်မှုတွေကို ထိခိုက်လျှော့နည်းစေပြီး အသည်းကို တစ်ဖြည်းဖြည်းချင်း ပျက်စီးသွားစေပါတယ်။

အသည်းမကောင်းတော့ရင် ခန္ဓာကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်တွေ ပုံမှန်မလည်ပတ် နိုင်တော့ပဲ စက်ပစ္စည်းတစ်ခုခုမှာ မူလီတစ်ခုချွတ်ယွင်းရင် ကျန်တဲ့အစိတ်အပိုင်းတွေလည်း အဆင်မပြေနိုင်တော့ သလို လူ့ခန္ဓာကိုယ်မှာလည်း အသည်းက အလုပ်မလုပ်နိုင်တော့ရင် အသည်းရောင် အသားဝါ B ပိုး၊ C ပိုး၊ စတဲ့ အသည်းရောဂါတွေအပြင် အခြားရောဂါတွေလည်း တစ်ခုပြီးတစ်ခု ဖြစ်စေပါတယ်။

အဲဒီလို အိပ်ပေးရမယ့်အချိန်မှာ အခြားသောအလုပ်တွေကို လုပ်နေမယ်ဆိုရင် အသည်းရဲ့လုပ်ဆောင်ချက် တွေကို ထိခိုက်စေပါတယ်။ ဒါကြောင့် အလုပ်တွေမည်မျှပင် များနေပါစေ နေ့စဉ်အိပ်စက်အနားယူချိန်ကို ည ၁၁ နာရီနောက်ပိုင်း အိပ်ယာဝင်ခြင်းကနေ ရှောင်ရှားသင့်ကြောင်း တင်ပြလိုက်ရပါတယ်။

Telegram»…
https://t.me/positiveanglenews/22340

PAN