ပရီးမီးယားလိဂ် အကောင်းဆုံးဂိုးသမားဆုကို အာဆင်နယ်ဂိုးသမား ရာယာ ဆွတ်ခူး


(ပြည်တွင်း) မေ ၅

လူတန်အသင်းနှင့် အဲဗာတန်အသင်းတို့ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ တစ်ဂိုးစီသရေရလဒ် ထွက်ပေါ် ခဲ့ရာ အဲဗာတန်အသင်းဂိုးသမား ပစ်ဖိုဒ် အနေနဲ့ ဂိုးပေးခဲ့ရတာကြောင့် အာဆင်နယ်အသင်းဂိုးသမား ရာယာ က ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ တစ်နှစ်တာအကောင်းဆုံးဂိုးသမားဆုကို ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်ဂိုးသမား ရာယာ က ပရီးမီးယားလိဂ်ပြိုင်ပွဲ ၂၀ မှာ ဂိုးမပေးရတဲ့ပွဲ ၁၅ ပွဲအထိရှိခဲ့ပြီး ဂိုးသမား ပစ်ဖိုဒ် က လူတန်အသင်းနဲ့ပွဲစဉ်မှာ ဂိုးပေးရပြီးနောက် ယခုနှစ်အမှတ်ပေးပြိုင်ပွဲပြီးဆုံးရန် နှစ်ပွဲအလိုတွင် Clean sheet ၁၂ ပွဲသာ ရရှိခဲ့တာကြောင့် ရာယာ က တစ်နှစ်တာအကောင်းဆုံးဂိုးသမားဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

ရာယာ ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဘရန့်ဖိုဒ်အသင်းမှ အာဆင်နယ်အသင်းသို့ အငှားစာချုပ်ဖြင့် လာရောက် ကစားနေသော်လည်း လက်စွမ်းပြသနိုင်မှုကြောင့် နည်းပြ အာတီတာ ၏ ယုံကြည်မှုကိုရရှိကာ ပထမဦးစားပေး ဂိုးသမားနေရာကို ရရှိခဲ့ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲပြီးဆုံးရန် နှစ်ပွဲအလိုတွင် Clean sheet ၁၅ ပွဲဖြင့် ဒုတိယနေရာမှ ပစ်ဖိုဒ်၊ တတိယနေရာမှ လီနို တိုကို ကျော်ဖြတ်ပြီး ရွှေလက်အိတ်ဆုကို ရယူနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

Telegram>>…
https://t.me/positiveanglenews/22298

PAN

SZ