မြောင်မြို့နယ်၊ ခေါင်းကွဲကျေးရွာအနီး အကြမ်းဖက် PDF အဖွဲ့များ အခြေပြုသော တဲအိမ်အတွင်းမှ လက်နက်ခဲယမ်းများသိမ်းဆည်းရရှိ


မေ ၄

ယမန်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ် ခေါင်းကွဲကျေးရွာအနီး နယ်မြေရှင်းလင်း‌ရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မသင်္ကာဖွယ်ရာ တဲအိမ်တစ်လုံးတွေ့ရှိ၍ ရှင်းလင်းခဲ့ရာ အကြမ်းဖက် PDF များ၏ အကြမ်းဖက်အဖွဲ့၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

အဆိုပါ တဲအိမ်အတွင်းမှ လက်လုပ်သေနတ်(အရှည်) ၅ လက်၊ ၅.၅၆ မမကျည် ၃၂ တောင့်၊ လက်လုပ်ကျည်အိမ် ၂ ခု၊ ကျည်ကာအင်္ကျီအနက် ၁ ထည်၊ပြောက်ကျားယူနီဖောင်း ၁ စုံ၊ အနက်ရောင်အင်္ကျီ(PLA တံဆိပ်ပါ) ၄ ထည်၊ အလံအနီရောင် ၁ ထည်တို့ကို သိမ်းဆည်းရမိကြောင်း သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews/22265?single

PAN

SZ