မြင်းခြံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင်တစ်ဦးကို အကြမ်းဖက်PDFအဖွဲ့မှ သေနတ်ဖြင့် ပစ်သတ်


(ပြည်တွင်း)မေ ၃

မြင်းခြံမြို့နယ်၊ အမှတ်(၄) ရပ်ကွက်နေ ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင်တစ်ဦးကို အကြမ်းဖက် PDF အဖွဲ့မှ သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရှိရသည်။

ဖြစ်စဥ်မှာ ၁-၅-၂၀၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ အချိန်ခန့်တွင် ဦးထွန်းထွန်းဝင်း၊ အသက် ၄၈ နှစ်၊ (ဘ)ဦးတင်မောင်(မြင်းခြံမြို့နယ် ပြည်ခိုင်ဖြိုးပါတီမြို့နယ်ကော်မတီဝင်)သည် မြင်းခြံမြို့နယ်၊နတ်ထားကျေးရွာ မင်္ဂလာဆောင်မှ အပြန် နတ်ထားကျေးရွာထိပ် အရောက်တွင် အကြမ်းဖက် PDF ၄ ဦးက အသင့်စောင့်ဆိုင်းပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ၎င်းမှာ သေနတ်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews/22235

PAN